ပင်လယ်ရေညှိ (seaweed) ၏ အစွမ်း သတ္တိများ


အူနံရံကို ကျန်းမာသန်စွမ်းစေ သည်။ အစာအိမ်နှင့်အူလမ်းကြောင်း ကို ဖြေးဖြေးချင်း ဖြတ်သွားသည့် အတွက် ဗိုက်ကို အကြာကြီးပြည့်နေ စေသည် (မဆာလွယ်စေပါ)။ များ များစားပါက အူကို အကျိုးပြုသော ဘက် တီးရီးယားများကို တိုးပွားစေ သည်။ ရေညှိကို အခြောက်လုပ်ပြီး ဟင်းချို ချက်သောက် ပါက လေပွ ခြင်းကို သက်သာစေသည် ။

၎င်းတွင်ပါဝင်သော Arame နှင့် waka me တွင် ကယ်လဆီယမ်၊ အိုင်အိုဒင်း၊ ဖော့လိတ်နှင့်မဂ္ဂနီဆီ ယမ်တို့ကြွယ်ဝစွာပါဝင်သည်။ Vit B လည်း ပါဝင်သည် ။ ပါဝင်သော wakame နှင့် fibre ကြောင့် သွေးတိုး ကို ကျစေပြီး လေဖြတ်ခြင်းကို လျော့စေသည့် အပြင် နှလုံးသွေးကြောရောဂါကို လည်း ကာကွယ်ပေးသည်။
အနုမြူဓာတ်ပေါင်းဖိုမှ ထွက် သော ရေဒီယိုသတ္တိကြွမှုကို ချေဖျက် ပေးသည်။ စီးကရက်ငွေ့၊ စက်ရုံ၊ အလုပ် ရုံနှင့်ကားမှ ထွက်သော အငွေ့တို့တွင် ပါဝင်သည့် ကက်ဒ် မီယမ် cadmium နှင့် ခဲ lead ဓာတ်တို့ကို လည်း ချေဖျက်ပေးသည် ။

၎င်းတွင်ပါဝင်သော Lignans က ခန္ဓာကိုယ်ထဲ၌ Phytoestrogen ကို များစေသောကြောင့် chemical oestrogen ကို တားပေးသဖြင့် ရင်သားကင်ဆာကို ကာကွယ်ပေး သည် ။ ရေညှိဟင်းချိုသည် လူနာကို မြန်မြန် နာလန်ထစေသည်။ ချွဲကို ပျော်စေသည်။ ဆီးလမ်းကြောင်း ရောင်ရမ်းမှုကို သက်သာစေသည် ။ ဆံပင်ကို သန်စွမ်းစေသည်။ အသား အရေကို တောက်ပချောမွေ့စေ သည်။
ပင်လယ်ရေညှိကို စားသော ကြောင့် ဂျပန်အမျိုးသမီးများ ပိန်သွယ်ကြပြီး အိုကီနာဝါကျွန်း သားများ အသက် ၁၀ဝ ထိနေကြ ရသည် ။

ကံ့ကော်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ