Omnicef (cefdinir) ဗက်တီးရီးယားအတွက်ဆေး



ဆရာခင်ဗျာ Pfizer မှထုပ်တဲ့ Omnicef 100mg (Cefdinir) ပိုးသတ်ဆေးရဲ့အာနိသင် ဘယ်လိုရောဂါတွေမှာ သုံးစွဲပါလဲ။
ကလေး လူကြီးသုံးစွဲရန်အညွန်း ဘေးထွက်ဆိုးကျိုးသတိပြုရမည့်အချက်တွေကို သိချင်ပါတယ်ခင်ဗျာ။
ကလေးလို့ရေးရမှာ ခလေးရေးထားတာကို ပြင်လိုက်ပါတယ်။ သိချင်လို့ရေးရမှာ သိခြင်လို့ရေးထားတာကို ပြင်လိုက်ပါတယ်။ ဆောရီး။
Omnicef (cefdinir) ဆိုတာ ပိုးသေဆေးတမျိုးဖြစ်တယ်။ ဗက်တီးရီးယားအတွက်ပေးတယ်။

အသက် ၁၃ နှစ်အထက်
• လူစုလူဝေးကရတဲ့နူမိုးနီးယား 300 mg q12h ၁ဝ ရက်
• နာတာရှည်လေပြွန်ရောင်နေသူ ရောဂါပြန်ထခြင်း 300 mg q12h သို့မဟုတ် 600 mg q24h ၅-၁ဝ ရက်
• ရက်တို ဆိုင်းနပ်စ် 300 mg q12h သို့မဟုတ် 600 mg q24h ၁ဝ ရက်
• အာသီးရောင်-အာခေါင်ရောင် 300 mg q12h သို့မဟုတ် 600 mg q24h ၅-၁ဝ ရက်
• အရေပြားနာများ 300 mg q12h ၁ဝ ရက်
အသက် ၆ လမှ ၁၂ နှစ်အထိ
• နားရောင်ခြင်း 7 mg/kg q12h သို့မဟုတ် 14 mg/kg q24h ၅-၁ဝ ရက်
• ဆိုင်းနပ်စ် 7 mg/kg q12h သို့မဟုတ် 14 mg/kg q24h ၁ဝ ရက်
• အာသီး-အာခေါင်ရောင်ခြင်း 7 mg/kg q12h သို့မဟုတ်14 mg/kg q24h 5 to ၁ဝ ရက်
• အရေပြားနာများ 7 mg/kg q12h ၁ဝ ရက်
ဘေးထွက်သက်ရောက်မှုများ = ဝမ်းပျက်၊ ဝမ်းထဲသွေးပါ။ ရင်ပတ်နာ၊ ချမ်း၊ ချောင်းဆိုး၊ ကိုယ်ပူ၊ ဆီးသွားရခက်၊ အသက်ရှူရခက်၊ သွေးထွက်လွယ်၊ အားနည်း။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ