Red Moles မှဲ့နီ


၁။ အနီရောင် မှဲ့အသေးလေးရောဆရာ။ အဲဒါရောရေးပေးပါလား။

၂။ မှဲ့အနီရောင်အကြောင်း ဖတ်ချင်လို့ လမ်းပြပေးပါအုံး ဒေါက်တာ။ ကျနော့်ကိုယ်မှာ ၉၅ % လောက်က မှဲ့အနီတွေ များနေလို့ပါ။

၃။ မင်္ဂလာပါဆရာ။ ကျွန်မကအသက် ၃၄နှစ်ရှိပါပြီ။ ကျွန်မကိုယ်ပေါ်မှာ မှဲ့အနီစက်သေးသေးလေးတွေ ပေါက်လာလို့ပါဆရာ။ အထူးသဖြင့် လည်ပင်းနားတစ်ဝိုက်နဲ့ လက်တွေမှာ များများလာပါတယ်ဆရာ။ အရင် ကျောင်းတက်တုန်းက နေပူထဲတွေ သွားထားမိပါတယ်။ အဲဒါန့များဆိုင်ပါသလားရှင်။ ပွားသလိုပုံစံမျိုး ဖြစ်နေတာကြောင့် စိတ်ပူမိလို့ပါ ဆရာရှင့်။ ဆရာ အဆင်ပြေတဲ့အချိန်လေးပြန်ဖြေပေးပါနော်။ ဆရာ နေကောင်းကျန်းမာပါစေ။

မှဲ့နီကို Cherry angiomas လို့ခေါ်တယ်။ အခုမှပေါ်လာတာမျိုးကို သတိတော့ထားရမယ်။ ဒါပေမဲ့ မသိမသာ ရှိနေတာလေးတွေက ဘာမှစိုးရိမ်ဘို့မလိုပါ။ အသစ်ပေါ်လာမယ်၊ အရောင်ကလဲထူးခြားမယ်ဆိုရင် ဆရာဝန်ပြပါ။

မှဲ့အများစုက အနက်မဟုတ်ရင် အညိုရောင်ဖြစ်တယ်။ ကင်ဆာမဟုတ်တာမျိုးက အသက်ရလာလို့ဖြစ်တာပါ။
အနီရောင်ဖြစ်နေတာက သူ့ထဲမှာ သွေးကြေားလေးတွေရှိနေလို့ဖြစ်တယ်။ အရွယ်အစား ၁ မီလီမီတာရဲ့ ၁ဝ ပုံ ၁ ပုံကနေစတယ်။ ပြားတယ်။ ကြီးလာနိုင်တယ်။ ၂ မီလီမီတာအထိရှိလာနိုင်တယ်။ အနီရောင်တောက်တောက်၊ သွေးနီရောင်၊ ပန်းခရမ်းရောင်ရှိနိုင်တယ်။

ဆေးစာနဲ့ Campbell de Morgan spots လို့ခေါ်တာမျိုးက ကိုယ်အနှံ့မှာရှိနိုင်တယ်။ ကျး-မ ဖြစ်တယ်။ အသက် ၃ဝ ကျော်မှာအဖြစ်များတယ်။

မှဲ့ကိုလစဉ်စစ်ဆေးနေပါ။ အရွယ်အစား၊ တည်နေရာ၊ အရောင်။ သံသယရှိရင် အရေပြားဆရာဝန်ပြပါ။
• Asymmetrical မညီမညာဖြစ်ပြီး အထက်ကြွတက်နေမယ်၊
• Borders ဘေးနှုတ်ခမ်းက မညီမညာဖြစ်မယ်၊
• Color အရောင်မှောင်လေလေ ကင်ဆာကိုသံသယရှိသင့်လေ၊
• Diameter အရွယ်အစားက ခဲတံဖေါ့ဖျက်ထက်မကြီးဘူးဆိုရင် ကင်ဆာမဟုတ်ဘို့များတယ်။ ကြီးမယ်၊ ကြီးကြီးလာမယ်ဆိုရင် ဆရာဝန်ကိုပြပါ။

- Age Spots http://doctortintswe.blogspot.com/2014/11/age-spots.html
- Skin Pigmentation မျက်နှာမဲတာ ဘာလုပ်နိုင်သလဲ http://doctortintswe.blogspot.com/2014/11/skin-pigmentation.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ