Post titleငရုတ်သီးစားသုံးပေးခြင်းဖြင့် ရင်သားကင်ဆာကို ကာကွယ်နိုင်
ငရုတ်သီးကို စားသုံးပေးခြင်းဖြင့် ရင်သားကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး ဖြစ်ပွားနေသည့် အချိန်တွင်လည်း ကင်ဆာဆဲလ်များကို သေဆုံးစေနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်တို့မှ ဇန်နဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည် ။
အမေရိကန်နိုင်ငံ၌ အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ရာမှ အမေရိကန် သုတေသီတို့မှ လေ့လာမှုများ ပြုလုပ်ခဲ့သဖြင့် ယခုလိုတွေ့ရှိချက်သစ်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ငရုတ်သီးတွင် ပါဝင်သည့် ပူစပ်စပ်ဖြစ်ပေါ်စေသည့် ဓာတ်သည်ကင်ဆာဆဲလ်များကို တိုက်ခိုက်ရာတွင် အထောက် အကူပြုစေသည့် အပြင် ကင်ဆာ ပြန့်ပွားမှုနှုန်းကို လည်းနောင့်နှေးစေနိုင်ကြောင်းလေ့ လာတွေ့ရှိခဲ့ခြင်းဖြစ် ကာ ငရုတ်သီးတွေကကင်ဆာ ဖြစ်ပွားစေတဲ့ ဆဲလ်တွေကို တိုက်ခိုက်နိုင်ပြီး ကာကွယ်မှုတွေကို လည်း ပြုလုပ်နိုင်တာတွေ့ရှိခဲ့ရပါတယ် ။ အခုလိုတွေ့ရှိမှုကလည်းအမျိုးသမီးတွေအတွက် ရင်သား ကင်ဆာ ဖြစ်ပွားမှုကိုလျှော့ချနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်ဟု သုတေသနပညာရှင် Dr. HannsHatt မှ ပြောကြားခဲ့ပြီး ငရုတ်သီးကိုတစ်ပတ်လျှင် တစ်ကြိမ်ခန့် စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါများကို ကာကွယ်နိုင်ကြောင်း Dr.HannsHatt မှ ထပ်လောင်းပြောကြားခဲ့ကြောင်းသိရသည် ။
ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝန်း၌ အမျိုးသမီးများကိုတစ်မိနစ်လျှင် တစ်ဦးနှုန်းသေဆုံးလျက် ရှိသည့် ကင်ဆာရောဂါဖြစ်ပြီးဆေးပညာခေတ်မီတိုးတက်လာသည်နှင့် အမျှ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း ကာကွယ်ဆေးများထိုးခြင်းဖြင့် လျှော့ချလာနိုင်ပြီဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည် ။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin