ကိုယ်ဝန်ဆောင်ကာလအတွင်း ငါးဟင်းတစ်ပတ်နှစ်ကြိမ်စားပါက မွေးလာသည့် ကလေးများတွင် အာရုံစူးစိုက်မှုပြဿနာ လျော့နည်းနိုင်


ကိုယ်ဝန်ဆောင်ကာလမှာ ငါးဟင်းစားတဲ့ ပမာဏဟာ မိမိမွေးလာတဲ့ကလေးတွေမှာ အာရုံ စူးစိုက်မှုချို့တဲ့ရောဂါ Attention Deficit / Hyperactivity ( ADHD ) အတွက် သက်ရောက်မှုရှိပါတယ် ။ တစ်ပတ်မှာ ငါးဟင်းနှစ်ကြိမ်စားတာဟာ ADHD  ဖြစ်နိုင်ခြေ ၆၀ရာခိုင်နှုန်း လျော့နည်းတာနဲ့ ဆက်စပ်မှု ရှိကြောင့် ဘော့စတွန်တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ် ။
ဒါပေမဲ့ ငါးဟင်းအမျိုးအစားက အရေးကြီးပါတယ် ။

တူနာအစ ရှိတဲ့ ပင်လယ် ငါးကြီးတွေမှာ ပြဒါးမြင့်မားစွာ ပါဝင်တာကြောင့် ADHD ရဲ့ ရောဂါ လက္ခဏာတွေ ဖြစ်နိုင်ခြေ များပါတယ် ။ ဒါကြောင့်ပြဒါး မပါဝင်နိုင်တဲ့ ဆယ်လ်မွန် လိုမျိုး ရေချိုငါးတွေကို စားပေးပါ ။ သုတေသနပြုသူတွေက မိခင်ရဲ့ဆံပင် တစ်ဂရမ်မှာပြဒါး တစ်မိုက်ခရိုဂရမ် ပါဝင်တာဟာ တခြားအမျိုးသမီးတွေမှာ ပြဒါးပါဝင်တာရဲ့ ပျမ်းမျှအဆင့်ထက် ရှစ်ဆပိုများပြီး မွေးလာတဲ့ ကလေးတွေမှာ ADHDဖြစ်နိုင်ခြေ ၆၀ရာခိုင်နှုန်း မြင့်မားတာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ် ။ မိခင်ရဲ့ဆံပင် တစ်ဂရမ်မှာ ပြဒါးတစ်မိုက်ခရိုဂရမ်ထက် နည်းပြီး ပါဝင်ပါမူADHDနဲ့ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ