Penorit ဆေးဆိုတာဘာလဲ


၁။ Penorit ဆေးကို ကိုယ်ဝန်ရှိတဲ့အချိန်သောက်ရင် ဘာဖြစ်တတ်ပါသလဲဆရာ။
မေးနည်း ပို့ပြီး။ အသက်-ကျား-မ မသိ။ ဘာဖြစ်နေ မသိ။ ဖြေမရ။ မပြောလိုသူ ဘလော့မှာ ဖတ်နိုင်။ အရင်မေးသူတွေ ကလည်း အချက်အလက်စုံ မပြောကြပါ။
၂။ ဆရာရှင့် သမီးက Ygn ကပါ။ သမီးတစ်နေ့က penorit ဆေးကို ၁ လုံး မနေ့ကတလုံး သောက်လိုက်ပါတယ်။ သောက်ပြီး ဖျားချင်သလိုဖြစ်နေပါတယ်။ ကိုယ်လည်းနည်းနည်းပူပါတယ်။ လူကအားမရှိသလိုဖြစ်နေပါတယ်။ ခေါင်းလည်းမူးပါတယ်။ အဲဆေး တခါမလည်းမသောက်ဖူးပါဘူး။ အဲဒါဘယ်လိုလုပ်သင့်ပါလဲဆရာရှင့်။ အဲလိုဘဲ ဖြစ်တတ်တာလား။ ကိုယ်ပူလို့အဖျားပျောက်ဆေးတွေ သောက်သင့်လား သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
၃။ ဆရာရှင့် Penorit (Norethisterone Acetate + Ethinyloestradiol) ဆိုတဲ့ ဆေးအကြောင်းနှင့် ကောင်းကျိုး၊ ဆိုးကျိုးများကို သိလိုပါသည်ရှင်။

Penorit ဆေးမှာ Norethisterone Acetate 10mg နဲ့ Ethinyloestradiol 0.02mg တွေပါတယ်။ မ-မျိုးဥ ထွက်မှာကို တားဆီးပေးတယ်။ နောက်ပြီး သားအိမ်အဝမှာရှိတဲ့ အကျိအချွဲကို စေးပြစ်စေတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ရမှာကို တားပေးတယ်။ Penorit ဆေးကို ကိုယ်ဝန်မရှိ၊ ရာသီမလာသူတွေကိုပေးတယ်။ အနည်းဆုံး ၈ ပတ်ကြာ ရာသီ ထိန်နေသူကိုသာ ပေးသင့်တယ်။ ၂ ရက်ဆက်သောက်၊ ၃ ရက်ကနေ ၆ ရက်အကြာမှာ သွေးဆင်းမယ်။ တချို့ ၁၅ နေမှသာ ဆင်းတယ်။ ကိုယ်ဝန်ရှိနေသူကို မပေးရ၊ ကလေးနို့တိုက်နေရင် သတိနဲ့ပေးတယ်။ နို့ထွက်နည်းစေမယ်။

ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ ဝမ်းပျက်၊ ကိုယ်အလေးချိန်ပြောင်းလဲ (ပိန်-ဝ)၊ ဆံပင်ပါး၊ ရင်သားတင်း ၊ ဒါတွေက ဘေးထွက် ဆိုးကျိုးတွေဖြစ်တယ်။ တချို့သွေးဆင်းများမယ်၊ ဖျားမယ်၊ စိတ်အနေ အထားပြောင်းမယ်၊ အအိပ်ပျက်မယ်၊ မွေးလမ်းပိုးဝင်ရင် ဆရာဝန်ပြပါ။

ရှားပြီးဆိုးဝါးတဲ့မကောင်းကျိုးတွေကတော့ Thrombophlebitis သွေးပြန်ကြောရောင်၊ Arterial thromboembolism သွေးလွှတ်ကြောပိတ်၊ Pulmonary embolism အဆုပ်သွားသွေးကြောပိတ်၊ Myocardial infarction နှလုံးသွေးကြောပိတ်၊ Cerebral hemorrhage ဦးနှောက်သွေးကြောသွေးယို၊ Cerebral thrombosis ဦးနှောက်သွေးကြောပိတ်၊ Hypertension သွေးတိုး၊ Gallbladder disease သည်းခြေအိတ်ရောဂါ၊ Carcinomas အသဲကင်ဆာ၊ Benign liver tumors အသည်းကင်ဆာ မဟုတ်တဲ့ အကျိတ်တွေ ဖြစ်တတ်တယ် ။

သွေးခဲ့တာပြဿနာရှိသူ၊ ဦးနှောက်-သွေးကြောရောဂါရှိသူ၊ ရင်သားကင်ဆာရှိသူ ၊ သားအိမ်အတွင်းလွှာ ကင်ဆာရှိသူ ၊ အသည်းကင်ဆာရှိသူ ၊ ဘာကြေင့်မှန်းမသိဘဲ သွေးဆင်းနေသူတွေကို မပေးရပါ ။ Rifampin, Barbiturates, Phenylbutazone, Phenytoin sodium, Griseofulvin, Corticosteroids, Ampicillin and Tetracyclines ဆေးတွေနဲ့ တွဲပေးတာ သတိထားရတယ် ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ