အဆစ်အမြစ်များ ဒဏ်မဖြစ်အောင်


(၁) လုပ်ငန်းခွင်အနေအထား
ကုလားထိုင်ကိုခပ်နိမ့်နိမ့်မထိုင်မိပါစေနှင့်။ ကုလားထိုင်မြင့်လေလေ ဒူးခေါင်းမကွေးရလေဖြစ်သောကြောင့် ဒူးဆစ်ညောင်းညာကိုက်ခဲခြင်းမှ သက်သာစေနိုင်သည်။ ကုလားထိုင် တွင်ထိုင်သည့်အခါ ပေါင်နှင့် ကြမ်းပြင် မျဉ်းပြိုင်အတိုင်း ရှိနေပါစေ ။ စားပွဲနှင့်ထိုင်ခုံတွဲချိတ်လျက်သား တည်ဆောက် ထားသော ပရိဘောဂများ မသုံးပါနှင့် ။

(၂) ကိုယ်နေဟန်ထား
ကိုယ်နေဟန်ထားဖြောင့်ဖြောင့်မတ်မတ်ထားလျှင် အရိုးဆစ်တစ်ခုနှင့် တစ်ခုမလိုအပ်ဘဲ ပွတ်တိုက်နေခြင်းမှ ရှောင်ရှားနိုင်ပြီး အဆစ်ရောင်ဝေဒနာများ မဖြစ်အောင် ကာကွယ်ထားနိုင်သည် ။

(၃)အလွန်အကျွံခိုင်းခြင်း၊ အလွန်အကျွံ နားခြင်း
အလုပ်ပင်ပင်ပန်းပန်းလုပ်ရပြီး အနားယူချိန်မရှိပါက အဆစ်အမြစ် များ နာကျင်ကိုက်ခဲလာတတ်သည် ။ အဆစ်များကို အဆက်မပြတ်သုံးခြင်း၊ အပြင်းအထန်သုံးခြင်း၊ တလွဲသုံး ခြင်းပြုလုပ်မိပါက အဆစ်များ ရောင် ရမ်းလာတတ်သလို အသုံးမပြုဘဲ ကြာရှည်ထားလျှင် အဆစ်များ တောင့် တင်းလာတတ်သည်။ အလုပ်ချိန် တစ်ခုနှင့်တစ်ခုကြား နားချိန်ထားပါ။ထိုင်ချိန်ကြာမြင့်၍ အဆစ်တောင့် တင်းခြင်းမဖြစ်စေရန် အနည်းဆုံး တစ်နာရီလျှင် တစ်ကြိမ်ခန့်မတ်တတ် ထ၍လှုပ်ရှားမှု အနည်းငယ်ပြုလုပ် ပေးပါ။

(၄) ရေနွေးနှင့်ရေချိုးခြင်း
ရေနွေးနှင့်ရေစိမ်ချိုးပါ ။ အပူ ချိန်ကြောင့်ကြွက်သားနှင့် အဆစ်များ ရောင်ရမ်းမှုလျော့ ကျပြီး ရေထဲပေါ လောပေါ်နေခြင်းက အဆစ်များအပေါ် ကိုယ်အလေးချိန်သက်ရောက်မှု လျော့ နည်းစေသည် ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ