Obstructed labour မွေးဖွားစဉ် ပိတ်ဆို့နေခြင်း


ဆရာရှင့် သမီးက Midwife student (သားဖွားသင်တန်းသူ) ပါရှင်။ Obstructed labour အကြောင်းသိချင်လို့ပါရှင်။

အင်္ဂလိပ်စာလုံးတွေထည့်ရေးထားရတာကို နားလည်နိုင်မယ်ထင်ပါတယ်။ Labour dystocia လို့လည်းခေါ်တယ်။ ကလေးမွေးဘို့ဖြစ်စဉ်တွေ တခုပြီးတခုဖြစ်လာချိန်မှာ သားအိမ်ကလည်း ညှစ်လို့ ဗိုက်နာနေပေမယ့် ကလေးက မွေးလမ်းကြောင်းထဲ ဆင်းရမယ့်အချိန်မှာ ဆင်းမလာနိုင်တဲ့အခြေအနေတခု ဖြစ်တယ်။ အောင်ကို ဆင်းလာရမယ့်လမ်း တနေရနာမှာ ရုပ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုတခုရှိနေလို့ ဖြစ်တယ်။

ကလေးကို တခြားနည်းနဲ့သာ မွေးပေးရတော့မယ်။ မလုပ်ရင် ကလေးအသက် သေဆုံးမယ်။ ဆောရီး။ မိခင်မှာလည်း ပိုးဝင်လာနိုင်တယ်။ သားအိမ်ကွဲထွက်နိုင်တယ်။ မွေးဖွားပြီး သွေးသွန်တာလည်းဖြစ်နိုင်တယ်။ သေဆုံးရနိုင်တယ်။ ဆောရီး။ ရေရှည်နောက်ဆက်တွဲဖြစ်စရာတွေလည်း ဖြစ်လာနိုင်တယ်။ ဥပမာ ဆီးအိမ် (သို့) အစာဟောင်းအိမ်နဲ့ မွေးလမ်းကြား ပြွန်လမ်းဖြစ်ခြင်း။ မွေးဖွားစဉ်ပိတ်ဆို့နေခြင်းဟာ မွေးဖွားချိန်ပုံမှန်ထက်ကြာနေလို့ဖြစ်တယ်။ ဥပမာ ၁၂ နာရီထက် ကြာခြင်း။

မွေးဖွားစဉ် ပိတ်ဆို့နေခြင်းဖြစ်စေနိုင်တဲ့ အကြောင်းခံတွေရှိတယ်။ ကလေးက ပုံမှန်ထက်ကြီးထွားနေခြင်း။ မိခင်အရိုးကွင်း သေးကျဉ်းနေခြင်း။ ဗဂျိုင်းနားခေါ် မွေးလမ်းပုံမှန်မဟုတ်ခြင်း။ ကလေးအနေအထား ပုံမှန် မဟုတ်ခြင်း ဥပမာ Shoulder dystocia ပခုံးတစ်နေခြင်းခေါ် anterior shoulder ရှေ့ပခုံးက pubic bone အရိုးအောက်ထိဆင်းမလာနိုင်ခြင်း။ မိခင်က အစာအာဟာရနည်းလို့ ဗီတာမင်ဒီနည်းနေရင် တင်ပါးဆုံး ရိုးကွင်း ကျဉ်းနေတတ်တယ် ။ မိန်မကိုယ်ကို တမင်တကာ လှီးဖြတ်ထားခြင်းကို တချို့နေရာဒေသတွေ မှာဖြစ်တယ် ။ တချို့မှာ အလုံး-အကျိတ်ရှိနေရင် မွေးလမ်းမှာ ဆို့နေမယ် ။

ဒီလိုဖြစ်ရင် LSCS (CS) မလွဲမသွေခွဲပြီးမွေးရပါမယ်။ တချို့ကိုတော့ vacuum extraction လေဟာနယ် စုပ်စက်နဲ့ မွေးပေးနိုင်တယ် ။ တချို့ကို symphysis pubis ဆီးစပ်ရိုးကိုခွဲစိတ်နည်းနဲ့ရနိုင်တယ်။ မိခင်လောင်းကို ရေ + ဆားဓါတ် မနည်းအောင်လုပ်ပေးရပါမယ်။ antibiotics ပိုးသေဆေးလည်းလိုမယ်။

အာဖရိကနဲ့ အာရှမှာ ဒီလိုဖြစ်တာ ၂% ကနေ ၅% အထိရှိတယ်။ ဆောရီး။ လေ့လာမှုတခုအရ ၂ဝ၁၃ ခုနှစ်က ၁၉ဝဝဝ ယောက်နဲ့ ၁၉၉ဝ တုန်းက ၂၉ဝဝဝ ယောက်သေဆုံးခဲ့တယ်။ ကိုယ်ဝန်နဲ့ ဆပ်စပ်ပြီး သေဆုံးရမှု အားလုံးထဲမှာ ၈% က ဒီလိုကြောင့်ဖြစ်တယ်။ ဆောရီး။ ကိုယ်ဝန်ဆောင်နေသူတွေကို ဒီလိုအဖြစ်မျိုးစာတွေ မဖတ်ကြဘို့ မကြာခဏ သတိပေးပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ