စိတ်ဝင်စားစရာ ကိုယ်ခန္ဓာ


အသက်ကြီးလာလျှင် ခြေထောက်တွေ ပါကြီးလာသလား
အသက်အရွယ်ရလာတာနှင့် အမျှခြေဖဝါးတောင့်တင်းမှု ကျဆင်းလာ ပြီးခြေဖဝါးကျယ်ပြန့် လာတတ်ပါတယ်။ ကိုယ်အလေးချိန်လွန်ကဲသူ တွေနှင့် ဆီးချိုရောဂါရှင်များမှာ အသက် ကြီးလေ၊

ခြေထောက်ကြီးလေ ဖြစ်တတ် ပါတယ်။
ကြို့ထိုးတဲ့အခါ အသက်အောင့်လျှင် ရပ်သွားတာ ဘာကြောင့်လဲ
အသက်အောင့်ထားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေကျန်ခဲ့ပြီး ဝမ်းတွင်း ကန့်လန့်ကာကြွက်သား (diaphragm) ကို မညှစ်အောင် တားဆီးပေးတာ ကြောင့်

ကြို့ထိုးတာသက်သာစေပါ တယ်။
ဗိုက်ဆာတဲ့အခါ ဘာကြောင့် တဂြီဂြီ မြည်တာလဲ
အစာအိမ်ညှစ်တဲ့အခါ အစာ အိမ်ြွကက်သားနံရံများနှင့် အစာခြေ အက်ဆစ်ရည်များ ပွတ်တိုက်ရာမှ တဂွီဂွီမြည်ရတာဖြစ်ပါတယ်။ ဗိုက် အသံမြည်တတ်သူများအနေနှင့် ထမင်းတစ်နပ်ကို နည်းနည်းစီခွဲစား
သင့်ပါတယ်။

ပြေးတဲ့အခါ နံကြားကဘာလို့အောင့် တာလဲ
ပြေးလို့အသက်ပြင်းပြင်းရှူရတဲ့အခါ ဝမ်းတွင်းခေါင်းကြွက်သားအကျုံ့အဆန့်ပြုလုပ်ရတာကြောင့် အထူးသဖြင့် ညာဘက်အောက်ဆုံး နံရိုးမှာ စူးကနဲနာ လာတတ်ပါတယ်။
ချိုင်းကြားကချွေးက တခြားနေရာ တွေထက် ဘာလို့ပိုနံတာလဲ။
ချိုင်းကြားချွေးဂလင်းတွေဟာ ဘက်တီးရီးယားများစိတ်ကြိုက် အဆီချွေးဂလင်းများဖြစ်ကြပြီး ဘက်တီးရီးယားများ ချွေးစားရာမှ အနံ့ဆိုး များထွက်ပေါ်လာခြင်း ဖြစ်သည်။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ