အိပ်မရသည့်ရောဂါအတွက် အွန်လိုင်းကုထုံး ထိရောက်မှုရှိ


အိပ်မရသည့်ရောဂါအတွက် အွန်လိုင်းကုထုံးကို စမ်းသပ်ကြည့်ရာ ထိရောက်မှုရှိသည့်အတွက် ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။
အိပ်မရတဲ့ရောဂါဆိုတာ ညကိုအိပ်ယာဝင်ပေမယ့် အချိန်အတော်ကြာတဲ့အထိအိပ်မပျော်တာ၊ အိပ်နေရင်း ခဏခဏနိုးတာ၊ နိုးပြီးရင်လည်း လွယ်လွယ်နဲ့ အိပ်မပျော်တာ တွေကို ခေါ်ပါတယ်။ အွန်လိုင်းကုထုံးခံယူ ခဲ့သူတွေဟာ ဘယ်ကုထုံးကိုမှခံယူမထားသူတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ စောစောအိပ်ပျော်ကြပြီး ကြားထဲ မှာလည်း ခဏခဏမနိုးတော့တာကိုတွေ့ ရပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

အဆိုပါအွန်လိုင်းကုထုံးမှာ CBT-I ဖြစ်ကြောင်း၊ Cognitive Behavioral Therapy for Insomnia ဖြစ်ပါ တယ်။ အိပ်မရတဲ့ရောဂါကို နာတာရှည်ခံစားနေရသူတွေအတွက် ပထမဆုံးခံယူသင့်တဲ့ ကုထုံးဖြစ်ပါတယ်။ အနည်းဆုံးတစ်လထက်ပိုပြီးအိပ်မရတဲ့ရောဂါကိုခံစားရရင် နာတာရှည်ရောဂါလို့ ခေါ်ပါတယ်။ အိပ်မရ တဲ့ ရောဂါကိုကုသရာမှ လူနာက အိပ်မရတဲ့ရောဂါကို ထင်မြင်ယူဆပုံ ကိုပြောင်း လဲပေး ချင်းဖြစ်ပါတယ် ။ ပြဿ နာကိုအခြေခံတဲ့အတွေးတွေ၊ အိပ်မရလို့ တုန့် ပြန်လှုပ်ရှားတဲ့အပြုအမူတွေ အစရှိတာတွေကို ပြောင်းလဲ ပေးရခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

အမေရိကန်ပြည်ထောင်စုတွင် လူပေါင်းသန်းပေါင်းများစွာတို့ မှာ အိပ်မရသည့်ဝေဒနာကိုခံစားနေရသော် လည်း ၄င်းဝေဒနာကို ထိရောက်စွာကုသပေးနိုင်မည့်ဆရာဝန်နှင့်ကုထုံး နည်းပါးကြောင်း၊ ၄င်းဆရာဝန်များ က လူနာများကို တစ်ရက်လျင် ၂၄ နာရီ လက်ခံကုသပေးလျင်လည်း ဆရာဝန်အင်အားနှင့်လူနာအင်အား မမျှတကြောင်း၊ ထို့ ကြောင့် အိပ်မရသည့်ဝေဒနာကို အွန်လိုင်းကုထုံးဖြင့် စမ်းသပ်ကုသပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေများအရ အောင်မြင်သည်ဟုဆိုနိုင်ကြောင်း ၄င်းကဆက်လက်ပြောပြသည်။

အိပ်မပျော်တာဟာ ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့အတွက် တစ်ရက်၊နှစ်ရက်ထက်ပိုပြီး အိပ်မရ တာမျိုးဖြစ်ရင် နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့  ချက်ခြင်းပဲပြသကုသသင့်ပါတယ် ဟု ၄င်းက ဖြည့် စွက် ရှင်းပြသည်။အွန်လိုင်းကုထုံးဖြင့်ကုသရာတွင် အဖွဲ့ လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း ကုသ ပေးလျက်ရှိကြောင်း၊ ၄င်းတို့ ကို အွန်လိုင်းကုထုံးဖြင့် အနည်းဆုံး ရက်သတ္တပတ် ၆ ပတ် ကုသပေးကြောင်း၊ လူနာများက တစ်ပတ်လျင် အကြိမ်အနည်းငယ်သာ အင်တာနက်နှင့်ချိတ်ဆက်ကာ ကြည့်ရှုရကြောင်း၊ ဖတ်စရာရှိသည်များကိုဖတ်ကာ အိမ်စာနှင့်လေ့ကျင့်ခန်းများကို ပြုလုပ်ရကြောင်း၊ ထို့ အပြင် အိပ်စက်ခြင်း ဒိုင်ယာရီကိုလည်းထားရှိရကာ ညစဉ်အိပ်စက်မှုပုံစံနှင့်ပြောင်းလဲလာမှုများအား မှတ်တမ်းတင်ရကြောင်း၊ ရက်သတ္တပတ် ၉ ပတ်ပြီးလျင် တိုးတက်ပြောင်းလဲမှုမည်မျှရှိသည်ကို အစီရင်ခံ တင်ပြရကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ