Metronidazole မက်ထရိုနိုက်ဒဇိုးလ်


ဆရာ ဒီဆေးက ဘာရောဂါအတွက်သောက်ရတာလဲမသိလို့ပါ။ ဘာမိတွန်မှာလိုက်တာ ဒီဆေးကို သူငယ်ချင်းက ပို့ပေးလိုက်လိုပါ။

Metronidazole မက်ထရိုနိုက်ဒဇိုးလ် ခေါ်တယ်။ ဘာမီတွန်နဲ့ နည်းနည်းလေးမှမတူပါ။ ပိုးသေဆေးဖြစ်တယ်။ anaerobic bacteria ဗက်တီးရီးယားနဲ့ protozoa ပိုးတွေအတွက်သုံးတယ်။

1. Giardiasis (ဂိုင်ယာဒီယား) ပိုးဝင်ခြင်း = လူကြီး = 1-1.5 g တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။ ကလေး = 30-40 mg/kg တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။ (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ 250 mg တတေ့ ၃ကြိမ်၊ ၅ ရက်။ ကျား-မ ဆီးပြွန်ရောင်ခြင်း၊ 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။

2. Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်) ရောဂါ = လူကြီး = 1.5 g တခါတည်းသောက်၊ ဒါမှမဟုတ် 0.5 g တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်၊ လိင်ဆက်ဆံဘက်ကိုလည်း တပါတည်းသောက်စေပါ။ ကလေး = 25 mg/kg တခါတည်းသောက်။ (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း၊ (2 g) တခါတည်း သို့မဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။

3. Amoebiasis (အမီးဘား) ပိုးဝင်ခြင်း = လူကြီး = 0.5 g တနေ့ ၂ ကြိမ်၊ ၅-၁ဝ ရက်။ ကလေး = 25 mg/kg တနေ့ ၁ ကြိမ်၊ ၅-၁ဝ ရက်။

4. Amoebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါ = လူကြီး = 1.5 g တနေ့တခါ၊ ၃ ရက်။ ကိုယ်အလေးချိန် များသူတွေ 1 g တနေ့ ၂ ကြိမ်၊ ၃ ရက်။ ကလေး = 40 mg/kg နေ့စဉ်။

5. Severe amoebic dysentery ဆိုးဝါးလွန်းတဲ့ (အမီးဘား) ဝမ်းကိုက်ရောဂါ = လူကြီး = IV သွေးပြန်ကြောထဲ သွင်းပေးရန် 0.5-1 g စပေးပြီး 0.5 g ၁၂ နာရီတခါ၊ ၃-၆ ရက်။ ကလေး = 20-30 mg/kg နေ့စဉ်။

6. Amoebic liver abscess (အမီးဘား) အသဲပြည်တည်နာ = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g စပေး၊ 0.5 g ၁၂ နာရီတခါ၊ ၃-၆ ရက်။ ကလေး = 20-30 mg/kg နေ့စဉ်။ (အမီးဘား) အသဲပြည်တည်ခြင်း၊ 500–750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။ ကလေး 35 to 50 mg/kg နေ့စဉ် ၃ ခါခွဲပေး၊ ၁ဝ ရက်။

7. Anaerobic bacterial infections (အမီးဘား) ပိုးဝင်ခြင်း = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g စပေး၊ တနေ့ 1 g ကို ၂ ခါခွဲပေး၊ ၅-၁ဝ ရက်။ ကလေး = 10 mg/kg ၁၂ နာရီတခါ၊ ၅-၁ဝ ရက်။
လေမကြိုက်သည့်ပိုးကြောင့် အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ်။ 30 mg/kg/dose IV တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး၊ လူကြီး 7.5 mg/kg ၆ နာရီတခါသောက်ဆေး။ ၇-၁ဝ ရက်။ အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး။ အူမကြီး ခွဲစိတ်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း၊ Cephalosporin နှင့် တွဲပေးသည်။

8. ခွဲစိတ်ကုသရာမှာ (အမီးဘား) ပိုး မဝင်စေအောင် ကြိုတင်ကာကွယ်ရန် = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 1 g IV မခွဲစိတ်မီ ၃ဝ မိနစ်ကြာသွင်း။

9. H pylori infections အစာအိမ်အနာ Clarithromycin and omeprazole နှင့်တွဲပေးသည်။

10. ခရီးသွားဝမ်းလျှောခြင်း၊ Metronidazole 250 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။

11. E histolytica (GE) အစာလမ်း (အူ) ရောင်ခြင်း၊ (အမီးဘား) ဝမ်းကိုက်၊ 400-800 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။
ကလေး 100-400 mg တနေ့ ၃ ကြိမ်။

12. (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။

13. ဦးနှောက် ပြည်တည်ခြင်း၊ 7.5 mg/kg တနေ့ ၄ ကြိမ်၊ တနေ့ 4 grams ထက်မပိုရ။ + Penicillin or Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone တခုခုနဲ့တွဲပေး။

ဘေးထွက်သက်ရောက်မှုများ = ခြေ-လက်ထုံကျင်၊ ပါးစပ်နာ၊ အဖြူကွက်၊ ဆီးပူ၊ ဝမ်းပျက်၊ မျက်စိကြည့်မကောင်း၊ အာရုံစိုက်မရ၊ စိတ်မကြည်လင်၊ ခေါင်းကိုက်၊ လက်တုံ၊ ကြွက်သားလှုတ်၊ တက်၊ ကိုယ်ပူ၊ ချမ်း၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ နေရာင်မခံနိုင်၊ အိပ်ချင်၊ ပျို့အန်၊ မွေးလမ်းကြောင်းယား။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ