Infertility Rates သားသမီးမရနိုင်ခြင်းနှုန်း


ကျွန်တော့်ဆီကို သားသမီးမရသေးလို့ မေးလာသူတွေ နေ့တိုင်း ၅ ယောက်ကနေ ၁ဝ ယောက်လောက်ရှိတယ် ။ မြန်မာလူမျိုးတွေမှာ အဲလိုဖြစ်တာ ပိုများလာတာလား၊ အရင်ကထက်နည်းသလား သုတေသနနဲ့ လေ့လာဆန်းစစ်မှု မရှိသလောက်နည်းလို့ မသိပါ။ သူများတွေဆီမှာ ဘယ်လိုလဲ။

ယူအက်စ်အေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် ၃ ခုအတွင်း ကလေးမရတဲ့နှုန်းကျဆင်းလာပါသတဲ့။ ၁၉၈၂ ကနေ ၂ဝ၁ဝ အတွင်း အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အထိ အမျိုးသမီးတွေကို ဆန်းစစ်တာပါ။ အရင်က ၈့၅% ရှိခဲ့ရာကနေ ၆% အထိ ကျဆင်းလာတယ်။ ၂ဝဝ၆ ကနေ ၂ဝ၁ဝ အတွင်း အသက် ၃၅ နှစ်ကနေ ၄၄ နှစ်ကြားအမျိုးသမီးတွေကိုတွက်ချက်ရင် ၄၄% ကနေ ၂၇% အထိကျဆင်းပါတယ်။ ဒါပေမယ့် အဲဒီနှစ်တွေမှာ စုံတွဲတွေမှာ ၁၁% ကနေ ၁၂% တိုးလာတာ တွေ့ရတယ်။ ၂ဝဝ၂ တုန်းကဆို ၁၅% အထိမြင်ခဲ့တယ်။ အမျိုးသမီးအားလုံးကိုအခြေခံတွက်ရင် ၁၉၈၂ တုန်းက ၈့၎% ကနေ ၂ဝဝ၆-၂ဝ၁ဝ မှာ ၁၁% အထိတိုးတက်လာပါတယ်။

အသက်ရလေး ကလေးရဘို့ အခွင်အလမ်းနည်းလေ။ ၁၅ နှစ်ကနေ ၂၄ နှစ်ကြားမှာ ၁၁% က ကလေးရဘို့ခက်ကြပြီး ၄ဝ-၄၄ နှစ်ကြားဆိုရင် ၄၇% ကလေးရဘို့ခက်တယ်။

ကလေးမရနိုင်သေးသူစုံတွဲတွေမှာ ၃ ပုံ ၁ ပုံက အမျိုးသမီးချို့ယွင်းချက်၊ ၃ ပုံ ၁ ပုံက အမျိုးသားအားနည်းချက်နဲ့ ကျန် ၃ ပုံ ၁ ပုံက အကြောင်းရှာမရပါ။ အသက် ၂၉ နဲ့ ၃၃ နှစ်ကြားအမျိုးသမီးတွေ ပုံမှန်မျိုးပွါးလမ်းစနစ်ရှိနေရင် ၂ဝ ကနေ ၂၅% သားသမီးရဘို့ အခွင့်အလမ်းရှိကြတယ်။ ၆ လတာကြိုးစားရင် တေးအကူမပါပဲ ၆ဝ% ကလေးရမယ်။ ၄၄% သော အမျိုးသမီးတွေက ကလေးရဘို့ ဆရာဝန်ပြကြတယ်။ ၆၅% အောင်မြင်သွားကြတယ်။ အကူအညီယူသူတွေ ၈၅-၉ဝ% ကို ဆေးဖြစ်ဖြစ် ခွဲစိတ်တာဖြစ်ဖြစ် လုပ်ပေးရတယ်။ (IVF) လုပ်ပေးရသူ ၃% ထက်နည်းတယ်။

မြန်မာအမျိုးသမီးတွေ ဘာကြောင့် သားသမီးရဘို့ ခက်ခဲကြသလဲ
မှန်းပြောရတာ သိပ်မကောင်းလှပါ။ ဆေးသိပ္ပံ စည်းလွတ်တယ်။ တနေ့က အိမ်နီးချင်းတိုင်းပြည်တခုက အမျိုးသမီး တယောက်နဲ့ စကားဆုံလို့ မေးဖြစ်တယ်။ သူက မြန်မာအမျိုးသမီးတွေ ထိုင်း-မလေးရှားစတဲ့ အနီးအနားတိုင်းပြည်တွေကို သွားလာ လုပ်ကိုင်နေတာ သိတယ်။ မြန်မာပြည်ကအမျိုးသမီးတွေမှာ စီးပွါးရေးနဲ့ လူမှုရေးအတွက် ဖိစီးမှုတွေများနေလို့ ထင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ကျွန်တော် ထပ်ဖြည့်ချင်တာက -
• ကိုယ်ဝန်တားနည်းအမျိုးမျိုးကို စနစ်တကျမသုံးနိုင်ကြာတာပါမယ်။
• လိင်ကတဆင့်ကူးစက်ရောဂါတွေက ဥပမာ အဖြူဆင်းတာလိုမျိုးက မဆိုးဝါးဘူးထင်ရပေမယ့် ရေရှည်မှာ မျိုးပွါးလမ်းမှာ ဖြစ်လိုက်ပျောက်လိုက်နဲ့ လမ်းကျဉ်းတာ ပိတ်တာတွေဖြစ်တယ်။
• အရေးပေါ်တာဆေးအကြောင်း မမေးတဲ့နေ့ဆိုတာ မရှိပါ။ ခဏခဏသုံးရင်ဘာဖြစ်မလဲ ဆေးသုတေသန နည်းတယ်။
• အသက် ၂၅-၃ဝ အထိ အိမ်ထောင်မပြုသေးရင် သားအိမ်အလုံးဖြစ်ခွင့်ပိုများတယ်။ ရာသီမမှန်သူတွေ ငယ်ငယ်ကြီးကြီး မျိုးဥအိမ်ကို စစ်ဆေးသင့်တယ်။ ရေအိတ်ရှိသူတွေ ခက်တယ်။
• တိုင်းရင်းဆေးတွေကိုလည်း အတော်သောက်ကြတယ်။ နေ့တိုင်းလိုလို ပြောကြတယ်။ အဲတာတွေထဲမှာ ဆေးဝါးဗေဒအရ ဘာတွေပါသလဲ ဆေးသုတေသန မရှိပါ။ ဟော်မုန်းတွေ ပါနေလို့သာ ရာသီဖြစ်စဉ်ကို သက်ရောက်စေတာဖြစ်တယ်။ ဟော်မုန်းဆိုတာ လူတိုင်းမှာရှိနေတယ်။ နေ့တိုင်း ပြောင်းလဲနေတယ်။ ဥပမာ တားဆေးတွေထဲမှာ ဟော်မုန်းပါတယ်။ သဘာဝ ဟော်မုန်းဆိုတာ အစားအသောက်တွေထဲမှာပါတယ်။ အော်ဂဲနစ်အစားအစာမဟုတ်တာတွေထဲမှာ ပါနိုင်တယ်။ တိုင်းရင်းဆေးတွေထဲမှာ ပါနိုင်တယ်။ အဲတော့ ဟော်မုန်းကမောက်ကမဖြစ်စေတယ်။ ဟော်မုန်းဆိုတာ ထိန်းညှိရတာ ခက်တယ်။ တယောက်နဲ့တယောက် ရှိနေပြီး ကိုယ်ပိုင်ဟော်မုန်း မတူကြပါ။
• ဆေးတခုကို တယောက်မှာ အဆင်ပြေနိုင်ပေမယ့် နောက်တယောက် အဆင်ပြေမယ်အာမခံလို့မရပါ။ ကြော်ငြာဆေးတွေက အမျိုးသမီးဆိုပြီးရော အပျို-အအို၊ ကိုယ်ဝန်-ကလေးအမေ၊ အသက်ငယ်-ကြီး အားလုံးအတွက် အကောင်းချည်းသာပြောရောင်းတယ်။ ဝယ်သောက်နေသူတွေ များမှများ။
• မြန်မာပြည်ကအမျိုးသမီးတွေကို သုတေသနလုပ်နိုင်ရင် အလွန်စိတ်ဝင်စားရာကောင်းတဲ့ ကောက်ချက်မှန်တွေ ရလာပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ