Exercise after giving birth ကလေးမွေးပြီး လေ့ကျင့်ခန်းလုပ်ခြင်း


ခွဲမွေးထားတာ တလခွဲရပါပြီ။ ဆရာတင်ထားတဲ့ after surgery ပို့စ်အောက်က နားမလည် တာလေးမေးပါရစေ ။ လေးပတ်ဆိုရင် ပုံမှန်ပြန်ဖြစ်တယ် ဆိုလို့ပါ။ အခု ၄၅ ရက်ပြည့်တာနဲ့ ဗိုက်ပြန်ကျစ်လစ်အောင် လေ့ကျင့်ခန်း စလုပ်ရင် ချုပ်ရိုးကို မစိုးရိမ်ရတော့တဲ့ သဘောပေါ့ဆရာ။ မွေးပြီး ၄ ပတ်နေရင် လေ့ကျင့်ခန်း ဖြေးဖြေးနဲ့ နဲနဲချင်း စလုပ်လို့ရပြီလို့ ဆိုလိုတာပါလား ။ ဗိုက်ကြွက်သားပြန်တင်းအောင် အန္တရယ်ကင်းကင်းနဲ့ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲဆရာ။

ကလေးကို ဘယ်လိုနည်းနဲ့မွေးခဲ့သလဲအပေါ်မှာ မူတည်တယ်။ မိခင်ရဲ့ကျန်းမာရေးအပေါ်မှာလဲမူတည်တယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်နေတုံးမှာလဲ လေ့ကျင့်ခန်းလုပ်နေခဲ့မယ်၊ မွေးဖွါးတာလဲ ပုံမှန်လွယ်လွယ်သာဆိုရင် ကလေးမွေးပြီး မကြာခင်မှာ လေ့ကျင့်ခန်းစလုပ်နိုင်ပါပြီ။

အဲလို ကိုယ်ဝန်ဆောင်နေတုံးမှာလဲ လေ့ကျင့်ခန်းလုပ်မနေခဲ့ဘူး၊ မွေးရာလဲ ခက်ခဲ့တယ်၊ မွေးပြီးလဲ ကျန်းမာရေး သိပ်မကောင်းသေးဘူး၊ ခွဲမွေးခဲ့ရတယ်ဆိုရင်တော့ စောင့်ရပါအုံးမယ်။ ဒါပေမဲ့ ကီဂယ်လ်လေ့ကျင့်ခန်းကိုတော့ စိတ်ပါလက်ပါရှိတာနဲ့ ချက်ချင်းဆိုသလို လုပ်နိုင်တယ်။ ဒီနည်းဟာ ဆီးမလုံတာမျိုးကို ကာကွယ်နိုင်ပါတယ်။

အားပြန်ပြည့်လာတာနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းကို တိုတိုလုပ်ရာကနေရှည်နိုင်၊ မြန်နိုင်ပါပြီ။ ခါးနာတာ၊ တင်ပါးဆုံနေရာက နာတာရှိသေးရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဗိုက်ခွဲမွေးထားတာဆိုရင် အချိန်စောင့်ရပါမယ်။ ဥပမ ၆ ပါတ်။ မောပန်းမှုမပြေသေးရင်လဲ ဒိထက်ပိုစောင့်ပါ။ ဥပမာ ၈ ပါတ်အထိ။ ရေကူးတာကိုလဲ အနည်းဆုံး ၈ ပါတ်အထိ စောင့်သင့်ပါတယ်။ Lochia ဆင်းနေတာတွေလဲ ရပ်ပါပြီ။ ဗိုက်ခွဲမွေးထားသူတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ရေကူးပါ။

ထိုင်-ထ၊ အေရိုးဗစ်၊ အပြေးနဲ့ တင်းနစ်တွေကိုတော့ ဒိထက် ကြာကြာ စောင့်သေးတာကောင်းပါတယ်။ ကိုယ်ဝန်ဆောင် ဟော်မုန်းတွေကြောင့် ၆ လနောက်မှသာ အဆစ်တွေပြန်မှန်လာမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို မျှတ-လုံလောက်အောင်စားသုံးရပါမယ်။ ကလေးကိုနို့တိုက်သူတွေက လူဝတာသက်သာစေမယ်။ တနေ့မှာ ကယ်လိုရီ ၃၃ဝ ကျမယ်။

ကြွက်သားမှန်သမျှ ပိုတက်ဆီယမ်နည်းရင် ပျော့ဖတ်ဖတ်ဖြစ်လာတယ်။ ဝမ်းလျှောပြီးသူတွေ မလုပ်ချင်မကိုင်ချင် ဖြစ်လာတာကြည့်ပါ။ ဗိုက်ကိုထိန်းထားတဲ့ ကြွက်သား ၃-၄ ထပ်ရှိတယ် ။ ဒေါင်လိုက် ကြွက်သားကို ဗယ်လီလို့ခေါ်တယ် ။ အဲဒီကြွက်သားပျော့နေရင် ဗိုက်က စူသင့်တာထက် ပိုစူနေမယ် ။ ပိုတက်ဆီယမ်ကြွယ်ဝသည့်အစာတွေကောင်းတယ် ။ လိမ်မော်သီး ၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ အာလူး၊ ဖရဲသီး၊ ပဲသီး၊ အသား၊ စပျစ်သီး၊ နွားနို့၊ ရောဂတ်၊ ဟင်းနုနွယ်၊ အသီးခြောက်များ။ ပိုတက်ဆီယမ်ဆေးအထိလိုတဲ့သူကတော့ နည်းပါတယ် ။

ဆက်စပ်ဖတ်နိုင်တဲ့စာတွေ -
၁။ Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း
၂။ Potassium ပိုတက်ဆီယမ်ဓါတ်ဆား

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ