DUB အခါမဟုတ် ရာသီဆင်းခြင်း
သမီး အသက် ၃၂ နှစ်ပါ။ စက်တင်ဘာလက Abortion ဖြစ်လို့ D&C လုပ်ထားပါတယ်။ လုပ်ပြီးကာစက သွေးဆင်းတာ များပါတယ်။ ၆ ပါတ်နဲ့ ပါ။ ၂ ပါတ်လောက်ထိ သွေးမတိတ်လို့ ဆရာဝန်က Antibiotics one course တိုက်ပါတယ် ။ ဆေးသောက်ပြီးနောက်ပိုင်း သွေးဆင်း တာ လျော့သွားပါတယ် ။ သွေးရဲရဲမဟုတ်တော့ဘဲ အညိုရောင်လေးတွေ ဆင်းပါတယ် ။ အများကြီး မဟုတ်ပါ ။ Pad မှာ ပေရုံလေးပါ ။ Transvaginal USG ရိုက်တော့ Haematoma in anterior uterine and upper cervical wall ဆိုပြီးရေးထားပါတယ် ။ RPOC မဟုတ်ပါတဲ့။ Haematoma ကြောင့် အညိုလေးတွေ ဆင်းတတ်ပါလား။ Haematoma ဖြစ်တာ trauma ကြောင့်လား သမီးကိုယ်တိုင်က သွေးထွက်များလို့လား။ ဆရာဝန်က Naturally resolve ဖြစ်မယ်လို့ ပြောပါတယ်။ နောက် ဆရာဝန်တယောက်က သွေးဆင်းတာ Dysfunctional Uterine Bleeding ကြောင့်လို့ ယူဆပြီး Primolut N (Norethisterone) သောက်ခိုင်း ပါတယ် ။ ရာသီပုံမှန်ပြန်လာတာ ၃ လ ရှိပါပြီ။ DUB ရောဖြစ်နိုင်ပါသလား။
အခုထိတော့ ဆေးမသောက်ရသေးပါ။ ဆေးသောက်လိုက်ရင် ကလေးပြန်ယူတဲ့အချိန် အခက်အခဲ ရှိနိုင်ပါလား ။ ဝလာတာတို့ ဝက်ခြံပေါက်တာတို့ရော ဖြစ်တတ်ပါသလား ။ Prescription မှာရေးတာတွေ့ လို့ပါ ။ သမီးကိုယ်တိုင် ဆရာဝန်ပါ ။ အလုပ်မလုပ်တော့ပါ ။ ဆရာထပ် သိချင်တဲ့ အချက်တွေရှိရင် သမီးအတိအကျ ပြောပြပါမယ်။
ဆရာဝန်အချင်းချင်း ရေးရ-ပြောရတာ ပိုကောင်းတာပေါ့။ ဆရာဝန် မဟုတ်သူတွေပါ နားလည်အောင်တော့ ရေးပါရစေ ။
မိန်းမတွေမှာ Abnormal uterine bleeding (AUB) နဲ့ Dysfunctional uterine bleeding (DUB) အခါမဟုတ် သွေးဆင်းတာတွေက အဖြစ်များတယ်။ အတွင်းရောဂါ မယ်မယ်ရရ မတွေ့ရဘဲ သွေးဆင်းတာမျိုးဖြစ်တယ်။
• ရာသီ-စက်ဝန်းတခုဟာ အများအားဖြင့် ၄ ပါတ် (၂၈ ရက်) ကြာတယ်။
• ပဌမ ၁၄ ရက်ကို (ဖေါ်လီကူလာ) အဆင့်လို့ ခေါ်တယ်။ သားအိမ်-အတွင်းလွှာက ပါးရာကနေ ထူထူလာမယ်။ (အီစထိုဂျင်) ဟော်မုန်း အစွမ်းကြောင့် ဖြစ်လာတာဘဲ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဦးနှောက်ထဲက (ပစ်ကျူထရီ) အကျိတ် လေးကနေ နောက်ဟော်မုန်း ၂ မျိုးကို ထုတ်ပေးလာမယ်။
• (FSH) နဲ့ (LH) ဆိုတဲ့ဟော်မုန်းတွေ ဖြစ်တယ်။ သူတို့ကြောင့် မျိုးဥအိမ်ကနေ မ-မျိုးဥကို လလည်ရက်မှာ ထုတ်ပေးတော့မယ်။
• မျိုးဥထွက်ပြီးတာနဲ့ (လူတီရယ်) အဆင့်ကို ပြောင်းတော့တယ်။ (ပရိုဂျက်စတီရုန်း) ဆိုတဲ့ ဟော်မုန်း ထွက်လာမယ်။ ဒီဟော်မုန်းကနေ သန္ဓေ လာပြီး တွယ်ကပ်နိုင်အောင် သားအိမ် အတွင်းနံရံကို ပြုပြင်ပေးတယ်။
• အဲလို သန္ဓေ လာတွယ်ကပ်ဘို့ရာ (hCG) ဟော်မုန်းတမျိုး ရှိမှသာ အောင်မြင်နိုင်မယ်။ (ပရိုဂျက်စတီရုန်း) နဲ့ (အီစထိုဂျင်) တွေ လျှော့ကျလာတော့မယ်။
• ဒီလိုဖြစ်တော့ သားးအိမ် အတွင်းနံရံမှာ ရှိကြတဲ့ သွေးလွှတ်ကြောလေးတွေ ကျုံ့လာတယ်။ ၂၈ ရက် မြောက် နေ့လောက်မှာ ရာသီသွေး ဆင်းလိမ့်မယ်။
• သွေးကောင်းကောင်းမရတော့ သားအိမ်အတွင်းလွှာနံရံက အနာဖြစ်သလို မကောင်းတော့တဲ့ (တရှူး) တွေလဲ ဆင်းတာထဲမှာ ပါလာလိမ့်မယ်။
• မ-မျိုးဥ မထွက်ရင် (ပရိုဂျက်စတီရုန်း) ကနေ လုပ်ပေးစရာတွေကို လုပ်မပေးနိုင်တော့ဘူး။ ရာသီလာတာရော မလာတာပါ ဖြစ်စေနိုင်တယ်။
• (ပရိုစတက်ဂလင်ဒင်) အနည်း-အများကြောင့် အလိုဖြစ်တယ်လို့ ယူဆရတယ်။ မ-မျိုးဥထွက်လို့ ဆင်းရတာက ပုံမှန်ရက်ရှိမယ်။
အမေရိကားမှာ အသက် ၃ဝ ကနေ ၄၉ နှစ်ကြား အမျိုးသမီးတွေမှာ DUB ၅% ရှိတယ်။ အပျိုပေါက်အရွယ်တွေလဲ ပဌမ ၂ နှစ်အတွင်းမှာဖြစ်ကြတယ်။ သွေးမဆုံးခင်ဆိုရင် ၅ဝ% အထိများတယ်။ မျိုးဥ မထွက်တာမျိုး ဖြစ်လာလို့ သွေးဆင်းတယ်။
DUB ဟုတ်-မဟုတ်ကို မဖြစ်နိုင်တာတွေကို ဖယ်ထုတ်နည်းနဲ့ နာမည်တပ်ရတယ်။ ၉ဝ% ဟာ မ-မျိုးဥမထွက်ဘဲ သွေးဆင်းတာဖြစ်တယ်။ ၁ဝ% လောက်နီးနီး မ-မျိုးဥထွက်လို့ နဲနဲဆင်းတာလဲ ဖြစ်တတ်တယ်။ ဆေးတချို့ကနေလည်း ဖြစ်စေတယ်။ မျိုးပွါးလမ်းရောဂါတခုခု၊ ကင်ဆာ နဲ့ တခြားရောဂါတွေကနေလဲ ဖြစ်နိုင်သေးတယ်။
တခြားနေရာတွေမှာ ရှိတဲ့ရောဂါတွေဆိုတာ -
• ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားစားဆေး၊
• IUD ကိုယ်ဝန်တား ပစ္စည်း၊
• Progesterone impregnated IUD (Mirena) ကိုယ်ဝန်တား ပစ္စည်း၊
• ကိုယ်ဝန်ပျက်တာ၊
• စပျစ်သီး ကိုယ်ဝန်၊
• Abruptio Placentae အချင်းအတွင်းမှာကွာခြင်း၊
• သားအိမ်ပြင်ပ ကိုယ်ဝန်၊
• လည်ပင်းကြီး-ဟော်မုန်းနည်းရောဂါ၊
• လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊
• (ကူရှင်း-ဆင်ဒရမ်း) ဟော်မုန်းရောဂါ၊
• အသည်းရောဂါ
• ဆီးချို၊
• ဟော်မုန်းရောဂါတွေ၊
• သားအိမ်ဝ၊ မိန်းမကိုယ်၊ ဗ၈ျိုင်းနား ထိခိုက်မိတာ၊
• ဗဂျိုင်းနား၊ သားအိမ်၊ သားအိမ်ဝ၊ မျိုးဥအိမ်ကင်ဆာတွေ၊
• Functional ovarian cysts, Cervicitis, Endometritis, Salpingitis, Fibroids (Leiomyomas), and Adenomyosis ကင်ဆာမဟုတ်တဲ့ မျိုးပွါးလမ်းရောဂါတွေ၊
• Cervical dysplasia ဆိုတာကနေ လိင်ဆက်ဆံအပြီးမှာ သွေးထွက်တာဖြစ်နိုင်တယ်။
• တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ၊
• Polycystic Ovarian Syndrome မျိုးဥအိမ်-အကျိတ်များရောဂါ၊
• Myeloproliferative disorders, von Willebrand disease, Immune thrombocytopenia သွေးခဲစနစ် ရောဂါတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Estrogen Therapy, Anticoagulants, Antipsychotics ဆေးတွေ၊
• လေ့ကျင့်ခန်းအလုပ်များတာ၊ စိတ်ဖိအားများတာ နဲ့ ကိုယ်အလေးချိန် ကျတာတွေကနေလဲ ဖြစ်နိုင်ပြန်တယ်။
ဆေးစစ်စရာတွေ -
• ကိုယ်ဝန် ရှိ-မရှိ၊
• Complete blood count သွေးစစ်ခြင်း၊
• Coagulation studies သွေးခဲမှုစစ်ခြင်း၊
• Thyroid function tests and prolactin levels လည်ပင်းကြီးအလုပ် စစ်ဆေးခြင်း၊
• Pelvic ultrasonography (အာလ်ထွာဆောင်း)
• Endometrial stripe တိုင်းလို့ ၄ စင်တီထက်မပိုရင် Endometrial hyperplasia နဲ့ Cancer မဟုတ်ဘို့ များတယ်။ 5–12 mm ရှိရင် Biopsy လုပ်မယ်။
• Transvaginal ultrasonography လုပ်ရင် Ovarian cysts မျိုးဥအိမ်-အကျိတ် နဲ့ Fluid in the cul-de-sac မွေးလမ်းနောက်နာမှာ အရည် ရှိ-မရှိ တွေကိုပါ ရှိရင် တွေ့မယ်။
ကုသနည်းတွေ
• တခြားရောဂါတွေရှိရင် သပ်သပ် ဆေးကုရမယ်။
• သွေးအဆင်းများလို့လဲ အရေးပေါ်လာတတ်သူတွေကို အရေးပေါ်ကုသမှု လုပ်ရမယ်။
• တချို့ကို (D&C) သားအိမ်ခြစ်ပေးမယ်။
• ကိုယ်ဝန်မရှိတာ သေခြာသူတွေကို ဟော်မုန်း ၂ မျိုးတွဲတားဆေး ပေးတတ်တယ်။
• Ethinyl estradiol 35 mcg ပါတဲ့ တေားဆေးကို တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ သွေးရပ်ပြီးနောက် ၇ ရက်အထိ သောက်ရတယ်။ ဒိနောက်မှာ တနေ့ ၁ လုံးနဲ့ ဆေးကပ်ကုန်တဲ့အထိ လျှော့လိုက်ရတယ်။
• Progesterone တမျိုးထဲပါတဲ့ဆေးကို မ-မျိုးဥမထွက်လို့ သွေးဆင်းသူတွေအတွက် ပိုကောင်းတယ်။ Medroxyprogesterone acetate 10 mg ကို တနေ့ ၁ လုံး၊ ၁ဝ ရက်သောက်ရတယ်။
• ၃-၅ ရက်အတွင်း သွေးပြန်ဆင်းမယ်။ ဒီဆေး ၂ မျိုးမှာ ဘယ်ဟာက ပိုထိရောက်သလဲ မကွဲပြားဘူး။
• NSAIDs သုံးနေကြ အကိုက်အခဲပျောက်ဆေးတွေကို ရာသီလာလို့နာတာအတွက်သာမက DUB အတွက်ပါ သုံးနိုင်တယ်။ Prostaglandin ကို တားပေးနိုင်တယ်။
• Naproxen (Naprosyn, Aleve, Naprelan) ကို အသုံးများတယ်။
• Danazol ဟာ စတီရွိုက်ဆေးဖြစ်တယ်။ သားအိမ်အတွင်းလွှာကို ပါးစေတယ်။ ဒါပေမဲ့ ယောက်ျားဟော်မုန်း Testosterone နဲ့တူတာမို့ ရင်သားသေးစေနိုင်တယ်။ ကြွက်သား-အဆစ်တွေ နာစေနိုင်တယ်။ လူကို ဝစေတယ်။ ကိုယ်မွှေး ပိုပေါက်စေတယ်။ ဝက်ခြံထွက်မယ်။
• Gonadotropin-releasing hormone ကိုလဲ ယာယီသဘော ပေးနိုင်တယ်။
• Tranexamic acid ကိုလဲ သုံးတတ်တယ်။
• Hysterectomy သားအိမ် ထုတ်ပြစ်နည်းကတော့ နောက်ဆုံးသုံးတယ်။
Primolut N အမျိုးသမီးသုံးဆေး (ရေးထားပြီး) ထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းပါတယ် ။ Estrogen မပါဘူး။ ဦးနှောက်ထဲရှိတဲ့ Pituitary ကနေ ထုတ်တဲ့ Gonadotropins ဟော်မုန်းကို တားဆီးပေးတယ်။ Mini-pill ကိုယ်ဝန်တားဆေး ခေါ်တယ်။ ဒီဆေး စွဲသောက်နေသူ တဝက်မှာ ရာသီလာပေမဲ့ မျိုးဥ မထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ် ။
ဒီရောဂါတွေအတွက် ပေးတယ်။ Dysfunctional uterine bleeding ရာသီဆင်း မရပ်တာ၊ Primary and Secondary Amenorrhoea ရာသီ ထိန်တာ၊ Timing of menstruation ရာသီဆင်းရက် မှန်ချင်တာ၊ Endometriosis သားအိမ်-ရောဂါ။
ဒီရောဂါတွေအတွက် မပေးရဘူး။ ကိုယ်ဝန် ရှိနေရင်၊ နို့တိုက်နေရင်၊ Thromboembolic သွေးခဲရောဂါ ရှိရင်၊ ဆီးချိုရှိရင်၊ အသည်းမကောင်းရင်၊ အသည်းကင်ဆာရှိရင်၊ တခြား လိင်ဟော်မုန်းနဲ့ဆိုင်တဲ့ကင်ဆာ ရှိရင်၊
1. Dysfunctional uterine bleeding ရာသီဆင်း မရပ်တာကို Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် ပေးတယ်။ ၁-၃ ရက်အတွင်း ကောင်မယ်။ နောက်ထပ်အဲလို မဖြစ်အောင် ၃ ပါတ်လောက် ထပ်ပေးတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။
2. မွေးကတည်းကဖြစ်ဖြစ်၊ နောက်မှဖြစ်ဖြစ် ကိုယ်ဝန်မဟုတ်ဘဲ ရာသီထိန်နေသူတွေကို Prolactin-producing pituitary tumour ရောဂါမရှိတာ သေခြာအောင် အရင်လုပ်ရမယ်။ ပဌမနေ့မှာ Estradiol valerate 10 mg ထိုးဆေး ၂ လုံး ထိုးတယ်။ ၁၄ ရက်ကြာရင် Estradiol valerate 10 mg ၁ လုံးထိုးမယ်။ ရာသီစဆင်းတဲ့နေ့နောက် ၁၉-၂၆ ရက် အတွင်းတွေမှာ Primolut N ဆေးပြားကို တနေ့ ၂-၃ ကြိမ်ပေးမယ်။ ၂၈ ရက်မှာ သွေးဆင်းမယ်။ နောက်ထပ် အဲလို ၂-၃ ပတ် ဆက်ပေးတယ်။ ရာသီစဆင်းတဲ့နေ့နောက် ၆ ရက်မြောက်နဲ့ ၁၆ ရက်မြောက် နေ့တွေမှာ Estradiol valerate 10 mg ၁ လုံးထိုးမယ်၊ ၁၉ ရက်နဲ့ ၂၆ ရက်မြောက်နေ့တွေမှာ Primolut N ဆေးပြားကို တနေ့ ၂ ကြိမ်၊ ပေးမယ်။ ထိုးဆေးမပါဘဲ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့တွေအတွင်း Primolut N ဆေးကို တနေ့ ၂ ကြိမ် ပေးပြီး စမ်းနိုင်ပါတယ်။
3. ရာသီမလာခင် ဖြစ်တတ်တဲ့ ခေါင်းကိုက်၊ စိတ်ကျ၊ ကိုယ်ရောင်၊ ရင်သားတင်း၊ စတာတွေ သက်သာစေဘို့ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့အတွင်း Primolut N ဆေးကို တနေ့ ၂-၃ ကြိမ် ပေးတယ်။
4. ရာသီလာရက်သတ်မှတ်ခြင်း၊ ဟော်မုန်း ၂ မျိုးပါ တားဆေးက ပိုသင့်တော်တယ်။ Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ-၁၄ ရက် သောက်ပါ။ ဆေးကုန်ပြီး ၂-၃ ရက်မှာ သွေးဆင်းပါမယ်။
5. Endometriosis သားအိမ်ရောဂါတမျိုး၊ ရာသီလတခုရဲ့ ၅ ရက်မြောက်နေ့မှာ Primolut N ဆေး တနေ့ ၂ ကြိမ် သောက်ပါ၊ သွေးတစက်စက်စလာရင် ၂ ပြား၊ ၂ ကြိမ် တိုးသောက်ပါ။ သွေးရပ်သွားရင် ဆေးပြန်လျှော့ပါ။ ၄-၆ လ ကြာ သောက်ရမယ်။ ဆေးကုသနေတုံးမှာ မျိုးဥလဲမထွက်ဘူး၊ ရာသီလဲမဆင်းဘူး။ ဆေးရပ်လိုက်မှ သွေးဆင်းမယ်။
ဘေးထွက်သက်ရောက်မှုတွေ = မျက်စိကြည့်မကောင်း၊ ပျို့ချင်၊ ခေါင်းကိုက်၊ ကိုယ်ရောင်၊ မိုင်ဂရင်း အမူးရောဂါ၊ အသက်ရှူခက်၊ အရေပြားအနီပြင်ထွက်၊ လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်၊ လူဝလာတတ်တယ်၊ ဆံပင်ကျွတ်တတ်တယ်၊ ဒါမှမဟုတ် အမွှေးထူတတ်တယ်၊ အိပ်ချင်တယ်၊ ဒါမှမဟုတ် အအိပ်ခက်တယ်။
အထူးသတိထားစရာတွေ = ဆီးချိုရှိနေသူများ၊ စိတ်ကျရောဂါရှိသူများ၊ Phenytoin, Barbiturates, Primidone, Carbamazepine, Rifampicin, Griseofulvin, Oxcarbazepine, Rifabutin ဆေးတွေနဲ့တွဲပေးတာ သတိထားရမယ် ။
DUB အခါမဟုတ် ရာသီဆင်းခြင်း http://doctortintswe.blogspot.com/2014/11/dub.html
Noristerat ကိုယ်ဝန်တား ထိုးဆေး တမျိုး http://doctortintswe.blogspot.com/2014/11/noristerat.html
Primolut N အမျိုးသမီးသုံးဆေး http://doctortintswe.blogspot.com/2015/01/primolut-n.html
Dr. တင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin