စမတ်ကျကျ လမ်းလျှောက်ကြည့်ပါ


ချက်ကို ကျောရိုး ဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင် ၏ ဝမ်းဗိုက်ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက် စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကို လွှဲပါ။
တင်၊ပေါင်မှ ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက် ပါ။ ပေါင်အတွင်းဖက်ကြွက်သားများ ကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့် ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ ။

ခါးကို မတ်၍ လျှောက်မိ စေ ဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်အသွင်ကို ဆောင်စေပါမည် ။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ ။

ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ် နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက် ပါ ။
ဦးခေါင်းအတွက် ခေါင်းပေါ် တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်း ကလည်း ခေါင်း၏အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ ။


ထူး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ