Diarrhea in Children ကလေးဝမ်းသွားရင်
မင်္ဂလာပါဆရာ။ ကျွန်မတို့ရပ်ကွက်မှာ ကလေးတွေ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကျပါတယ်ဆရာ။ လူကြီးတွေကပြောတယ် ကူးတတ်တယ်တဲ့။ ဝမ်းသွားနေတဲ့ကလေးနဲ့ အတူကလေးကိုပေးကစားစေနဲ့တဲ့။ ဟုတ်ပါသလားဆရာ။ ကူးတတ်ပါသလားဆရာ။ ကျွန်မသမီးက ငယ်သေးတော့စိုးရိမ်မိပါတယ်။ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆရာ။ ညကကျွန်မသမီး နို့တွေအန်တယ်ဆရာ။ နို့လဲသိပ်မစို့ဘူးဆရာ။ နို့ဗူးဘဲတိုက်တာပါ။ ဝမ်းပျက်ဝမ်းလျောဖြစ်ရင် ဘယ်လိုလက္ခဏာပြတတ်လဲဆရာ။ ကျေးဇူးပြု၍ဖြေပေးပါဆရာ။
ကလေးငယ်လေးတွေမှာ ဝမ်းသွားတာများရင် အများအားဖြင့်ဆေးမလိုပါ။ ပိုးသေဆေးမလိုပါ။ ရေကျက်အေး ပိုတိုက်ပေးပါ။ ရှားရှားပါးပါး နို့ထဲမှာပါတဲ့ (လက်တို့စ်) နဲ့ မတည့်တာတော့ ဖြစ်တတ်တယ်။ (စာတပုဒ်ရေးထားပါတယ်။)
ကလေးပါးစပ်ထဲကို ဗိုင်းရပ်စ်ဝင်ရာကနေ အများဆုံးဖြစ်တယ်။ (အလာဂျီ) ရလို့လဲဖြစ်မယ်။ တခါတလေ (ဗက်တီးရီးယား) ကြောင့်ဖြစ်မယ်။ အစာဆိပ်သင့်တာဆိုရင် ဗိုက်အတင်းနာမယ်။ ဝမ်းထဲသွေးပါနိုင်တယ်။ ကိုယ်ပူမယ်၊ အန်မယ်ဆိုရင် (ရိုတာဗိုင်းရပ်စ်) ကြောင့်ဖြစ်နိုင်တယ်။ ဝမ်းအနံ့ကလဲ ထူးခြားသေးတယ်။ ရေဓါတ်-ဆားဓါတ်နည်းတာ အဖြစ်မြန်တယ်။ ကလေးငယ်လေ ဆိုးလေ။ E. coli နဲ့ Salmonella (ဗက်တီးရီးယား) တွေကနေဖြစ်လို့ ဆေးကုတာနောက်ကျရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။
• BRAT diet လို့ခေါ်ကြတဲ့ Bland foods အစာကျေလွယ်တာပေးပါ။ Bananas ငှက်ပျောသီး၊ Rice ဆန် (ထမင်း)၊ Applesauce နာနတ်ဆော့စ်၊ Toast ပေါင်မုံ့ကင်တွေကို ကျွေးနိုင်တယ်။ ဆန်ပြုတ်၊ ပေါင်မုံ့ဖြူ၊ ကြက်ဥပြုတ်၊ ငါး၊ ကြက်သား (အရေခွံမပါ)၊ အာလူး၊
• အချိုများတာ၊ သကြားများတာ၊ အသားများတာ ရှောင်ပါ။
• နို့တိုက်အရွယ်ဆိုရင် ဆက်တိုက်ပါ။
• နွားနို့ကြောင့် ဝမ်းအတွက်မကောင်းပေမဲ့ သူ့ထဲက အာဟာရ ရစေမယ်။ ရေရစေတယ်။ တော်တော်တန်တန် ဝမ်းသွားတာဆိုသောက်နိုင်တယ်။
• နို့မှုံ့တိုက်တာဆိုရင် Lactose (လက်တို့စ်) မပါတာရွေးပါ။
• (ORS) ဓါတ်ဆားထုပ်ထက်ကောင်းတာ ကမ္ဘာမှာမရှိပါ။ WHO-ORS ကကောင်းတယ်။
• ရေကျက်အေး ၄ ခွက်ထဲမှာ သကြား လက်ဖက်ရည် ၈ ဇွန်း၊ ဆား လက်ဖက်ရည် ၁ ဇွန်းထည့်ပြီး အိမ်မှာတင် ဓါတ်ဆားရေလုပ်နိုင်တယ်။ ပိုတက်ဆီယမ် ရအောင် လိမ္မော်သီးရည် တိုက်ပေးပါ။ ငှက်ပျောသီးကျွေးပါ။
• ကလေးက အန်နေရင် ORS ကို နည်းနည်းချင်း ခဏခဏတိုက်ပါ။
• တနှစ်ကျော်ကလေးဆိုရင် (စွပ်ပြုတ်ရည်) ကျဲကျဲ၊ (ဆိုဒါ) ရိုးရိုးနဲ့ အသီးဖျော်ရည် ရေနဲ့ရောတာ တိုက်နိုင်တယ်။ ရေချည်းဘဲ တိုက်တာနဲ့မရပါ။
• (အိုက်စခရင်မ်)၊ (ဂျယ်လီ)၊ (ပူတင်း) နဲ့ ကြော်ထားတဲ့အစာတွေ ရှောင်ပါ။
• ပဌမ ၂၄ နာရီအတွင်းမှာ ငှက်ပျောသီး၊ ဆန် (ထမင်း)၊ နာနတ်ဆော့စ်၊ ပေါင်မုံ့ကင်၊ ဆားပါတဲ့ (ခရက်ကာ) မုံ့၊ အချိုမပါတဲ့ ပြောင်းနှံအမျိုးမျိုးနဲ့ လုပ်ထားတဲ့ မနက်စာအဖြစ် စားလေ့ရှိတဲ့အစား) ရောထားတာကို ခေါ်တယ်။ ကလေးနဲ့အဆင်ပြေရင် နောက်ရက်မှာလဲကျွေးပါ။
• ရေဓါတ်-ဆားဓါတ် နည်းတဲ့လက္ခဏာတွေကို သတိရှိပါ။ ဆီးနည်းလာမယ်၊ ဆီးအရောင်ရင့်မယ်။ ရေငတ်မယ်။ ငိုမယ်။ ငိုတာလဲ မျက်ရည်နည်းမယ်။ အစာမစားချင်ဘူး။ ကိုယ်အလေးချိန်ကျလာမယ်။ အာခေါင်ခြောက်မယ်။ မျက်တွင်းချိုင့်မယ်။ အရေပြားကို အသာလေးဆွဲမကြည့်ရင် ချက်ချင်းပြန်မကျဘူး။ သိပ်မအိပ်ဘူး။
• အားဖြစ်ဖျော်ရည်၊ နို့တွေမတိုက်ပါနဲ့။ ဝမ်းပိတ်ဆေးဆိုတာတွေ အတိုက်မလောပါနဲ့။ Yogurt (ရောဂတ်) ကို နည်းနည်းသာသွားရင် ကလေးဆရာဝန်တချို့က တိုက်စေတယ်။ သူ့ထဲမှာပါတဲ့ (ဗက်တီးရီယား) က အကျိုးတမျိုး ပေးတယ်။
Loperamide (Imodium 2 mg) ဝမ်းပိတ်ဆေး
- လူကြီး = ၂ တောင့် (4mg) စသောက်ပြီး ၁ တောင့် (2 mg) ကို ဝမ်းတခါသွားတိုင်းသောက်ပါ။ တနေ့မှာ ၈ တောင့်ထက်မပိုစေရ။
- ကလေး ၂-၅ နှစ် = 1 mg တနေ့ ၃ ကြိမ်၊
- ကလေး ၆-၈ နှစ် = 2 mg တနေ့ ၂ ကြိမ်၊
- ကလေး ၈-၁၂ နှစ် = 2 mg တနေ့ ၃ ကြိမ်၊
- ကလေး ၂ နှစ်အောက် = မတိုက်သင့်။
Loperamide ကို Imodium, Imodium A-D, Anti-Diarrheal, Imotil, Diamode, Kao-Paverin, Kaopectate 1-D, Diarrhea စတဲ့နာမည်တွေနဲ့ရောင်းတယ်။ အများဆုံးသုံးပြီး ဈေးလဲအတော်ချိုတဲ့ Lomotil ဆေးဟာ ဝမ်းသွားတဲ့ အကြိမ် အရေအတွက်ကို လျှော့မှာမဟုတ်ပေမဲ့ သွားတဲ့အားကို နည်းစေတယ်။ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ခြေ-လက်ထုံ၊ စိတ်ဓါတ်ကျ၊ စိတ်တမျိုးဖြစ်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ဂနာမငြိမ်ဖြစ်၊ အိပ်ချင်။ ဆေးများရင် ဝမ်းချုပ်မယ်။ ပျို့-အန်၊ အစာမစားချင်ဖြစ်မယ်။
ပဋ္ဋိဇီဝဆေးတိုက်ရင် ဝမ်းပျက်တတ်တယ်။ တကယ်လိုလို့ ဒီလိုပိုးသေဆေး တိုက်နေရင်း ဝမ်းပျက်လာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးမတိုက်ဘဲနေပါ။ ပိုးသေဆေးဟာ E coli ကြောင့် အစာဆိပ်သင့်တာအတွက် ပိုဆိုးစေတယ်။
သွားဘူးလာဘူးမဟုတ်တဲ့နေရာသွားနေတုံးမှာ ဝမ်းပျက်တာကို ခရီးသွားဝမ်းပျက်ရောဂါလို့ ခေါ်တယ်။ ဓါတ်ဆားရေအပြင် ပိုးသေဆေးသောက်မှရတယ်။ လူကြီးတွေ Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃-၅ ရက်။ ဒါမှမဟုတ် Norfloxacin 400 mg တနေ့ ၂ ကြိမ်၊ ၃-၅ ရက်။ Septrin နဲ့ Doxycycline ဆေးတွေက မတိုးတာတွေ ရှိလာနေပြီ။ Bismuth subsalicylate သောက်နိုင်တယ်။
ရေဓါတ်၊ ဆားဓါတ်နည်းလွန်းရင် RL drips ဆေးသွင်းကုသရမယ်။ တကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ တခါဖြစ်သူ ထပ်ဖြစ်တတ်တယ်။ သူများကိုလဲ ကူးစေမယ်။ ကလေးပြုစုသူ လက်ကိုမကြာခဏဆေးပါ။
Diarrhea and astrologer ဝမ်းရောဂါနဲ့ ဗေဒင်ဆရာ http://doctortintswe.blogspot.com/2016/04/diarrhea-and-astrologer.html
Dysentery ဝမ်းကိုက်ရောဂါ http://doctortintswe.blogspot.com/2016/04/diarrhea-and-astrologer.html
Diarrhea in Children ကလေးဝမ်းသွားရင် http://doctortintswe.blogspot.com/2014/12/diarrhea-in-children.html
Gastroenteritis ဝမ်းတလုံးကောင်း ခေါင်းမခဲ http://doctortintswe.blogspot.com/2015/04/gastroenteritis.html
Dr. တင့်ဆွေ
https://www.facebook.com/drtintswe/posts/1274221862672295:0
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin