ကျန်းမာပျော်ရွှင်နေတဲ့ လူနေမှုဘဝအတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဆိုတာ မရှိမဖြစ်အရေးကြီးပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ခြင်းအားဖြင့် ကျန်းမာရေးပြသနာများကို တားဆီးပေးနိုင်ခြင်း ၊ စိတ်ဓါတ်ခိုင်မာလာခြင်း ၊ ခွန်းအားတိုးလာစေခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ဒါက ကိုယ်လက်လှုပ်ရှားမှုရဲ့အကျဉ်းချုံး အကျိုးကျေးဇူးတွေဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုရဲ့အကျိုးကျေးဇူးပြည့်ပြည့်စုံစုံကိုလည်း ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်။ ကိုယ်လှုပ်ရှားမှုကြောင့် နှလုံးရောဂါ ၊ အရိုးပွရောဂါ ၊ သွေးဖိအားမြင့်တတ်ခြင်း ၊ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းများတို့မှ လျော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုကြောင့် အိုမင်းရင့်ရော်မှုနဲ့ပတ်သတ်တဲ့ ပြသာနာများမှ ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ကျခြင်းလို စိတ်ရောဂါဝေဒနာများမှလည်း သက်သာစေနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေ တိုးမြင့်လာပြီး ကယ်လိုရီတွေ များစွာကျဆင်းစေနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါက စားဝင်အိပ်ပျော်ပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေနိုင်ပါတယ်။ ဒါကြောင့်မို့ တစ်ပတ်ကို ငါးရက် ၊ တစ်ရက်ကို အနည်းဆုံးနာရီဝက်ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်သွားသင့်ပါတယ်။ တကယ်လို့ နေ့စဉ်လုပ်ငန်းဆောင်တာများကြောင့် ဒီလောက်အချိန်မရဘူးဆိုရင် တစ်ပတ်ကိုသုံးရက် တစ်ရက်ကို မိနစ်နှစ်ဆယ်လောက် လှုပ်ရှားပေးသင့်ပါတယ်။ ဒီလိုလှုပ်ရှားပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို အားလုံးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။
( VitamiN )
#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref : Family Doctor