Darkened armpits ချိုင်းမည်းနေလို့ပါရှင့်


ဆရာရေ ကျမဂျိုင်းအမဲကွက်လေးကိစ္စဖြေပေးပါအုံးလားဆရာ။ ကျမအထင်တော့ တနေ့ကျမ ပွဲတခုတက်ရမယ်နေ့မှာ ဝတ်မဲ့ဂါဝန်က ဂျိုင်းပြတ်ဖြစ်နေတော့ မရိုသေ ဂျိုင်းမွှေးနှုတ်ဖို့လည်း အချိန်မရအင်္ကျီကလည်းဝတ်ပြီးနေတော့ အလွယ်ပဲ တခါမှ မသုံးဖူးတဲ့ အမျိုးသားသုံးတဲ့ အမွှေးချွတ်ဆေးသုံးပြီး ချွတ်မိပါတယ်။ ပြီးရင် ရေဆေးချရမယ်လို့ ပါတာကိုမဖတ်မိပဲ ရေဆွတ်ထားတဲ့ အဝတ်နဲ့ပဲ သုံးလေးကြိမ် သုတ်ပြီးသွားလိုက်တာ ခပ်စပ်စပ်ကျန်ပေမဲ့ ဘာမှမဖြစ်ခဲ့ပါ။ နောက်တလ ကြာမှသာ အမဲကွက်ပေါ်လာပြီး နောက်ထပ် အမဲကွက်လေးများထပ်ပေါ်လာတယ်ဆရာ။ ဆရာပြောတဲ့အတိုင်း ထောပတ်သီး၊ တစောင်းလက်ပါတ်နဲ့ပွတ်ပါတယ်။ ချွေးနံ့မနံအောင်လိမ်းရသောဆေးများ အားလုံးလည်း ဖြတ်ထားပါတယ်ဆရာ။ ဆရာဝန်ဆီထိတော့မသွားဖြစ်သေးပါ။ ခုထိတော့ မယားပါမစပ်ပါ။ ဒီနိင်ငံမှာ ဥတုအေးနေသေးတယ်ဆရာ။ ဒီမှာကဆရာဝန်က နိင်ငံစုံကဆရာဝန်ဆိုတော့ ဘယ်သူကောင်းမှန်းလည်းမသိလိုပါဆရာ။ စုံစမ်းဖို့ကလည်းခက်လို့ပါဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

ဘာလို့ချင်းနေရာမှာ ကွက်ပြီးမည်းရသလည်း
၁။ ချိုင်းမွှေးရိတ်ခြင်း
၂။ သေသွားတဲ့ဆဲလ်တွေစုဝေးလာခြင်း
၃။ ချိုင်းနံ့ပျောက်ဆေးတွေနဲ့အဆင်မသင့်ခြင်း
၎။ Acanthosis nigricans ရောဂါရှိနေခြင်း
၅။ Hyper-pigmentation ရောဂါရှိနေခြင်း။

ဘယ်လိုသက်သာပျောက်ကင်းအောင်လုပ်မလည်း
1. Potato အာလူးရည်ကို ၁၅-၂ဝ မိနစ်ကြာလိမ်းထားပြီးမှ ရေခပ်နွေးနွေးနဲ့ဆေးပါ။
2. Cucumber သခွါးသီးနဲ့ တနေ့ ၂ ကြိမ်ပွတ်ပေးပါ။ တနည်း အရည်ကို သံပုရာရည်နဲ့ရောလိမ်းပါ။
3. Lemon သံပရာရည် ၁ဝ မိန်စကြာလိမ်းထားပါ။ ဆေးပြစ်ပါ။ တနည်း သကြားနည်းနည်းလေးထည့်လိမ်းပါ။
4. Baking Soda ဆော်ဒါကို ရေနဲ့ဖျော်လိမ်းပါ။
5. Orange Peel လိမ်မော်ခွံအခြောက်ကို အမှုံ့လုပ်ပြီး ဇွန်းအသေး ၂ ဇွန်း + ရေ (နှင်းဆီရေ) ဒါမှမဟုတ် နွားနို့နဲ့ရော လိမ်းပါ။ ၁ဝ-၁၅ မိနစ်ကြာရင် ဆေးပါ။
6. Coconut Oil အုန်းဆီကို ၁ဝ-၁၅ မိန်စကြာလိမ်းပြီး ဆေးပါ။

တခြားနည်းတွေ
1. Egg oil ကြက်ဥဆီ၊
2. Moisturize ရေငွေ့ပါဆေး၊
3. Exfoliate သုံးနည်း၊
4. Sugar သကြား၊
5. Pumice stone ကျောက်တုံးသုံးနည်း၊
6. Milk နွားနို့၊
7. Vinegar ဗနီဂါ (ရှာလကာရည်)၊
8. Skip shaving and start waxing ချိုင်းမွှေးကိုမနှုတ်ပဲ ဖယောင်းသုံးနည်း (စာတပုဒ်ရေးထားပါတယ်။)
9. Skip deodorants ချိုင်းနံ့ပျောက်ဆေးမသုံးတော့ခြင်း။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ