မိန်းကလေးများ ပိန်သွယ်အောင်ပြုလုပ်ခြင်းက အရိုးပွရောဂါကို ဖြစ်ပေါ်စေနိုင်


ဆယ်ကျော်သက်ရွယ် မိန်းကလေးများသည် အစားကိုလျှော့စား၍ အလွန်ပိန်သွယ်အောင် ပြုလုပ်ခြင်းက ၎င်းတို့၏ အရိုးများကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဗြိတိသျှသုတေသနပညာရှင်တို့က ပြောကြားခဲ့ကြောင်း သိရသည်။ သုတေသနပညာရှင်တို့၏ အဆိုအရ အရိုးများ ခိုင်မာခြင်းသည် အဆီပမာဏနှင့် ဆက်နွှယ်မှု ရှိနေပြီး ပိန်သွယ်အောင်ပြုခြင်းဖြင့် အရိုးများ ကျိုးပဲ့စေသည့်အခွင့်အလမ်းကို တိုးပွားစေသည်ဟု ဆိုသည် ။ လေ့လာဆန်းစစ်မှုအရ အဆီပမာဏ များပြားမှုသည် ယောက်ျားလေးထက် မိန်းကလေးများတွင် အရိုး အတွက် ပို၍အရေးပါကြောင်း သိရသည်။

အဆီပမာဏများပြားမှုက အရိုးများကို ပိုမိုထူထဲ ခိုင်ခံ့စေလေ့ရှိပြီး အထူးသဖြင့် မိန်းကလေးများတွင် ပို၍နှီးနွှယ်မှုရှိနေသည် ဟုဆိုသည်။ မိန်းကလေးများတွင် အဆီပမာဏ ၅ ကီလိုဂရမ် တိုးပွား များပြားခြင်း က ခြေထောက်အရိုး ၈ ရာခိုင်နှုန်းထူထဲမှုနှင့် ဆက်စပ်မှုရှိနေသည် ဟုဆိုသည်။ သာမန်ကိုယ်အလေးချိန်တွင် မိန်းကလေးများသည် ယောက်ျားလေးများထက် အဆီဓာတ် ပိုမိုများပြားလေ့ ရှိရာ မိန်းကလေးများ၏ အရိုးဖွံ့ဖြိုးရေးတွင် အဆီသည် အဓိကအခန်း ကဏ္ဍမှပါဝင်ကြောင်း သိရသည်။ အရိုးများသည် များသောအားဖြင့် အသက် ၂၀ကျော်လောက်တွင် ဖွံ့ဖြိုးမှုနှေးကွေး၍ အသက် ၃၅ နှစ်နောက်ပိုင်း တွင် အရိုးဖွံ့ဖြိုးမှု ရပ်တန့်လေ့ရှိသည်ဟု ဆိုသည်။ မိန်းကလေးများအနေဖြင့် အသက်ငယ်ရွယ်ချိန်တွင် အရိုးများ ခိုင်မာစွာ တည်ဆောက်မှုပြုရေးမှာ အရေးပါပြီး ထိုသို့မဟုတ်ပါက အသက်အရွယ်ရလာသည့် အချိန်တွင် အရိုးပွရောဂါကို ခံစားရပြီး အမျိုးသားများထက် တင်ပါးရိုး ကျိုးအက်ရန် သုံးဆခန့် အလားအလာပိုများကြောင်း သိရသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ