Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ


ဆရာ ကလေးအမေတယောက်နဲ့ အပျိုကလေးမလေးတယောက်ငြင်းနေတာကြားလို့ ရီချင်လို့ ဆရာ့ကိုမေးရအုံးမယ်။
ကလေးအမေကပြောတယ် သူကအလုပ်လုပ်တဲ့သူဆိုတော့ ကလေးအတွက်သူ့ နို့ရည်ညှစ်ခဲ့ပြီး ရေခဲသေတ္တာထဲသိမ်းရင် တလလောက်ခံတယ်လို့ပြောတာ၊ အပျိုမက မဖြစ်နိုင်ဘူး၊ ဘယ်ကောင်းတော့မလည်းတဲ့။

ကလေးထားခဲ့ပြီး အလုပ်သွားတဲ့ မိခင်နို့ကနေ Freshly expressed milk လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့နို့ကို ဘယ်လိုထားသိုမလဲ။
• အခန်းတွင်း အပူချိန် (66-72°F, 19-22°C) မှာ ၁ဝ နာရီကြာထားနိုင်တယ်။
• ရေခဲသေတ္ကာထဲမှာ (32-39°F, 0-4°C) ၈ နာရီကြာထားနိုင်တယ်။ ရေခဲသေတ္ကာထဲမှာ နောက်နား ကပ်ထားပါ။
• အခန်းတွင်းအပူချိန်က နွေးနေရင် 80-90°F / 27-32°C ၃-၄ နာရီအထိ၊
• အပူချိန် 61-79°F / 16-26°C မှာ ၄-၈ နာရီ (အကောင်းဆုံးက ၃-၄ နာရီ)၊
• အပူချိန် 59°F / 15°C မှာ ၂၄ နာရီ၊
• အပူချိန် 32-39°F / 0-4°C မှာ ၃-၈ ရက် (အကောင်းဆုံးက ၃ ရက်)၊
• ခဲခန်းနဲ့ ရေခဲသေတ္ကာနဲ့တွဲရှိတဲ့ Freezer compartment ခဲခန်းထဲမှာ ၃ ပါတ်ကြာထားနိုင်တယ်။
• ရေခဲသေတ္ကာနဲ့ တခါးတပေါက်စီရှိတဲ့ Freezer compartment with a separate door ၃-၄ လအထိ။
• သီးသန့် ခဲသေတ္ကာထဲမှာ Self-contained freezer (0°F, -19°C) (<39 br="">• Frozen and thawed ခဲထားပြီးနို့ကို ပြန်ပျော်စေပြီးနောက် ရေခဲသေတ္ကာထဲမှာ ၂၄ နာရီထားပြီးလဲ သုံးနိုင်တယ်။
• Refrigerated milk အေးနေအောင်ထားသိုတဲ့နို့က Frozen milk ခဲနေအောင်ထားတဲ့နို့ထက် Anti-infective properties ရောဂါပိုးခုခံအား ပိုတယ်။
• ခဲနေအောင် သိုလှောင်ချင်ရင် နို့ကို အရင်ဆုံးအေးနေအောင်လုပ်ပြီးမှ ခဲစေပါ။
• နို့ကို ပျက်စီးအောင်ထားပေမဲ့ အချိန်ကြာလာရင် သတ္ကုနံ့ရမယ်။ ဆပ်ပြာဆန်ဆန်ဖြစ်လာမယ်။ ပျက်စီးသွားတာ မဟုတ်ပါ။ အထဲက အင်ဇိုင်း တချို့ ဓါတ်ပြောင်းသွားလို့ဖြစ်တယ်။ အဲလိုနို့ကို ကလေးတိုက်နိုင်တယ်။ တကယ်လို့ ကလေးက မသောက်ချင်ဘူးဆိုရင် နို့ကိုနွေးပြီးနောက်မှ အေးတာထဲထည့်သိမ်းပါ။
• Microwave မိုက်ခရိုဝေ့ဖ် မသုံးပါနဲ့။
• အပူချိန်မတိုင်းခင် နို့ကို လှုပ်မွှေပေးပါ။
• နို့ကိုနွှေးရင် ပွက်တဲ့အထိ အပူမပေးပါနဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ