Cardiomegaly နှလုံးကြီးခြင်း
ဆရာရှင့် ကျွန်မအသက်က ၄၂ ပါ။ ကလေး ၂ယောက်ပါရှင်။ မြန်မာနိုင်ငံမှာနေပါတယ်။ ခုတလောမောမောနေလို့ ဆရာဝန်သွားပြတာပါ ။ နှလုံး ECG ဆွဲတော့ကောင်းတယ်တဲ့။ နှလုံးဓာတ်မှန်ရိုက်မှာ နှလုံးကြီးတာလို့ပြောပါတယ်နှလုံးကြီးတာနဲ့ ပါတ်သက်ပြီး ဘာတွေဖြစ်တတ်ပါသလဲ။ အစားအသောက်ကို ဘာတွေ အဓိကစားပြီး ဘာတွေရှောင်ဖို့ လိုပါသလဲရှင်။ နှလုံကြီးတာဟာ ခွဲစိတ်ဖို့လိုပါသလားရှင်။
နှလုံးအရွယ်အစား ရှိသင့်တာထက်ကြီးနေခြင်းဟာ နာတာရှည်သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကနေ ဖြစ်တယ်။ နှလုံးရဲ့ အဓိက အလုပ်ဖြစ်တဲ့ သွေးလှည့်ပတ်မှုကို နိုင်အောင်မလုပ်နိုင်တော့ရင် congestive heart failure နှလုံးကျရှုံးခြင်းလို့ ခေါ်တယ် ။ အမျိုးအစားတွေရှိတယ်။ နှလုံးကြွက်သားတွေမကောင်းရာကနေဖြစ်လာတယ်။ နှလုံးအောက်ခန်း နှစ်ဖက်ကနံရံတွေ ကြီးလာမယ်။ ဘယ်ဖက်အောက်ခန်းသာထူပြီးကြီးတာလည်းရှိတယ်။ သွေးတိုးကနေ ဖြစ်လာတယ်။
နှလုံးကို ဗိုင်းရပ်စ်ပိုးကူးစက်လို့လည်းဖြစ်တယ်။ နှလုံးအဆို့ရှင်တွေမကောင်းလို့လည်းဖြစ်တယ်။ ကျောက်ကပ်ဆေးဘို့ လိုသူတွေမှာလည်း ဖြစ်တတ်တယ်။ အရက်နဲ့ ကိုကိန်းဆေး တလွဲသုံးလို့လည်းဖြစ်တယ်။ HIV ကနေ လည်းဖြစ်နိုင်တယ် ။ မျိုးရိုးကပါလာလည်းရှိတယ် ။ နှလုံးခုန်မမှန်တာ နဲ့ အဆုပ်သွေးဖိအားများတာတွေ ကနေ ဖြစ်စေတယ် ။ နာတာရှည် သွေးအားနည်းတာနဲ့ လည်ပင်းကြီးရောဂါတွေနဲ့လဲ တွဲ-ဆက် ဖြစ်လာတတ်တယ် ။ amyloidosis ပုံမှန်မဟုတ်တဲ့ (ပရိုတင်း) ရောဂါ၊ hemochromatosis သံဓါတ်များနေခြင်း တွေနဲ့လဲ ဆက်ဖြစ်နိုင်သေးတယ်။ ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ အဆိပ်ဖြစ်တာ လဲ ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်မှာလဲ ယာယီကြီးနေတတ်တယ်။
နှလုံးကြီးတာက ရောဂါမဟုတ်ပါ။ ရောဂါတခုခုရဲ့လက္ခဏာသာဖြစ်ပါတယ်။ Cardiomyopathy ဆိုတာက နှလုံးကြွက်သားတွေ ကြီးထွားနေတာဖြစ်တယ်။ Cardiomegaly နှလုံးကြီးတာနဲ့ တွဲနေ တတ်တယ် ။
ခံစားရနိုင်တာတွေ = အသက်ရှူတိုတောင်းခြင်း၊ ခြေထောက်ရောင်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း ၊ မောပန်းခြင်း ၊ ရင်တုန်ခြင်း ၊
ကုသခြင်း = ဖြစ်စေတဲ့အခြေခံရောဂါကိုကုသရမယ်။ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းခြင်း ။ Diuretics ခေါ် ဆီးဆေးပေးခြင်း။ Angiotensin-converting enzyme (ACE) inhibitors နဲ့ beta-blockers ဆေးတွေသုံးတယ်။ Implantable cardioverter-defibrillator ကိရိယာသုံးခြင်း။ အငန်နဲ့မတည့်ပါ ။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin