Cancer spread cut by 75% in tests ကင်ဆာသုတေသနသတင်း


ဗြိတိန်ဆရာဝန်တွေ ကိန်းဘရစ် ဆန်ဂါ အင်စတီကျု မှာလုပ်ခဲ့တဲ့ ကင်ဆာပြန့်နှံ့မှု ဆေးသုတေသနသစ်ရဲ့ ရလဒ်သတင်း လွန်ခဲ့တဲ့ ၃ နာရီက ထွက်ပါတယ်။
ကင်ဆာဆိုတာ သူ့မျိုးစေ့တွေကို တခြားနေရာတွေအထိ ပြန့်တယ်။ အဲလိုဖြစ်တာဟာ ကင်ဆာကြောင့် သေဆုံးရမှုတွေ အားလုံးရဲ့ ၉ဝ% မှာဖြစ်ပါတယ်။

ဓါတ်ခွဲခန်းထဲမှာ DNA ခေါ် မျိုးဗီဇ ၈၁ဝ စုံနဲ့ ကြွက်တွေကို ဖန်တီးခဲ့တယ်။ ကြွက်တွေကို မင်လယ်နိုးမားခေါ် အရေပြား ကင်ဆာဓါတ် ထိုးပေးတယ်။ အဆုပ်မှာဖြစ်လာတဲ့ ကင်ဆာအမျိုးမျိုးကို စစ်ဆေးတယ်။ ကြွက်တွေရဲ့ DNA ခေါ် မျိုးဗီဇကို စစ်ဆေးတယ်။ ကင်ဆာပြန့်နှံ့ခြင်းနဲ့သက်ဆိုင်တဲ့ DNA ကို သိလာတယ်။ DNA ဘယ်အစိတ်အပိုင်းက ကင်ဆာပြန့်တာနဲ့ ဆိုင်သလဲ စစ်ဆေးတယ်။ ၂၃ ပိုင်းမှာ တွေ့ရတယ်။ တချို့ဟာတွေက ခုခံအားစနစ်နဲ့ဆိုင်တယ်။

Spns2 ခေါ်မျိုးဗီဇဟာ ကင်ဆာ အဆုပ်ကိုပြန့်စေတာနဲ့သက်ဆိုင်နေတာ တွေ့လာရတယ်။ ကင်ဆာကုသရာမှာ အင်မြူနို သာရာပီနည်းမှာ အသုံးချလာနိုင်စရာရှိတယ်။ ကင်ဆာပြန့်မှာကို ၇၅% အထိလျှော့ချနိုင်မယ်။ Spns2 ကို ပစ်မှတ်ထားတဲ့ ဆေးတွေ ရှာဖွေရမယ်။ အချိန်အတော်ယူပါအုန်းမယ်။
http://www.bbc.com

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ