ပြည့်ဝဆီပါဝင်မှုများသောအစားအစာများကြောင့် ဆီးကျိတ်ကင်ဆာပိုမိုးဆိုးရွားစေ


အသစ်တွေ့ရှိချက်များအရစားသုံးသောအစားအစာများတွင် ပြည့်ဝဆီပါဝင်မှုများပြားခြင်းသည် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာပိုမိုဆိုးရွားစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည် ။ အဆီအများအပြားပါဝင်သော အသားများ နှင့် နို့ခဲ၊ ဒိန်ခဲများကို လွန်ကဲစွုာ စားသုံးလေ့ရှိသော အမျိုးသားများသည် ပိုမိုဆိုးရွားသည့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေပိုမိုမြင့်မားသည် ။

ထိုပြည့်ဝဆီများလွန်ကဲခြင်းသည် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကိုလည်းဖြစ်ပွားစေနိုင်သည်။ သို့သော် သွေးထဲတွင် ကိုလက်စ်ထရောများပြားနေသောကြောင့် သွေးတွင်းအဆီကျဆေး (statin) များကိုသောက်သုံးနေရသည့် အမျိုးသားများတွင်မူ ဆီးကျိတ်ကင်ဆာ ပိုမို ဆိုးရွားနိုင်ချေ နည်းပါးကြောင်းကိုလည်းတွေ့ရှိခဲ့ကြသည် ။

 ထို့ကြောင့် အမျိုးသာများအနေဖြင့် ပြည့်ဝဆီပါဝင်မှု များပြားသော အစားအစာများကို တတ်နိုင်သမျှရှောင်ကျဉ်ကြ ရန် နှင့် သွေးထဲတွင် ကိုလက်စ်ထရောပမာဏများပြားနေပါက ဆရာဝန်နှင့်ပြသပြီး သင့်လျော်သော ကုသမှုခံယူရန် ဆေးပညာရှင်များကဆွေးနွေးအကြံပြုပေးခဲ့ကြသည် ။

Ref :www.webmd.com
ဒီပီ(ဆေး-၁)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ