လက်ကိုင်ဖုန်း ဓါတ်ရောင်ခြည်သင့်မှု လျှော့ချနိုင်ရန်


(၁) နည်းနည်းပြော၊ များများရိုက်
ဖုန်းကိုဦးခေါင်းနှင့် ဝေးဝေးထားလေ၊ ဓါတ်ရောင် ခြည်ခံရမှုနည်းလေ ဖြစ်သည်။ ပြောစရာကိစ္စအရေးမကြီး ပါက စာတိုစနစ် (SMS)ဖြင့် ရိုက်ပို့ပါ။

(၂) ဖုန်းပြောလျှင် တတ်နိုင်သလောက် အကျဉ်းချုံ့ပါ
တယ်လီဖုန်းကြာကြာ ပြောစရာရှိပါက ကြိုးဖုန်းနှင့် ပြောပါ။ လက်ကိုင်ဖုန်းအသုံးပြုပါက တတ်နိုင်သလောက် တိုတိုပြောပါ။

(၃) နားကျပ်သုံးပါ
မိမိတစ်ဦးတည်းရှိပါက စပီကာဖွင့်ပြောပါ။ လူကြား ထဲရောက်နေပါက နားကျပ်အသုံးပြုပါ။

(၄) ကလေးများအား လက်ကိုင်ဖုန်းမ သုံးပါစေနှင့်
ကလေးငယ်များ၏ ဦးခေါင်းခွံသည် လူကြီးများထက် ပါးလွှာပြီး ဦးနှောက်အာရုံကြောစနစ်မှာလည်း ဖွံ့ဖြိုး ဆဲပင်ဖြစ်ရာအရည်အသွေး နိမ့်ဖုန်းများ၏ဓါတ်ရောင်ခြည် ကြောင့် လူကြီးများခံစားရသည်ထက် ပိုမို ဆိုးရွားစွာဆိုးကျိုးဖြစ်စေတတ်သည် ။ ကလေးငယ်များအား ကြိုးဖုန်းကိုတန်ဖိုးထားအသုံးပြုတတ်စေရန် သင်ကြားပေးပါ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ