အကြောညပ်တာကို ဘယ်လိုကုမလဲ


ပတ်ဝန်းကျင်တစ်ရှူး၊ အရိုး၊ ကြွက်သား၊ အရွတ်တစ်စုံတစ်ခု၏ ဖိအားကြောင့် နဗ်ကြောညပ်တတ်ပါ တယ်။ အကြောညပ်တဲ့အခါ နာခြင်း၊ ထုံကျဉ်ခြင်း၊ ပျော့ခွေခြင်း၊ လှုပ်မ ရခြင်းတို့ဖြစ်လေ့ရှိပါတယ်။

(၁) သိုင်းကြိုး၊ လွယ်ကြိုး
အကြောတင်/ အကြောညပ် သွားတဲ့လက်ကို သိုင်းကြိုးစည်းထား ခြင်းဖြင့် လှုပ်ရှားမှုနည်းအောင်ထား ပါ။ နဗ်ကြောတဝိုက်လှုပ်ရှားမှုနည်းသွားတဲ့အခါ အကြောရောင်သက် သာလာပြီး နာကျင်မှုလျော့နည်းစေပါ တယ်။

(၂) ဆေးဝါး
အကိုက်အခဲသက်သာပြီး အရောင် ကျအာနိသင်ရှိတဲ့ Ibuprofen လို ဆေးမျိုးကို အစာနှင့် တွဲသောက်ခြင်း ဖြင့် နဗ်ကြောတဝိုက် ရောင်ရမ်းမှု လျော့ကျစေပါတယ်။

(၃)ဗဟိဒ္ဓကုထုံး(physiotherapy)
အကြောပြင်၊အကြောနှိပ်၊ လျှပ် စစ်ဓါတ်လိုက်အောင် ဘတ္တရီရှော့ခ် ရိုက် ကုတာမျိုးကိုမစမ်းသင့်ပါဘူး။ ကာယလေ့ကျင့်ခန်းကုထုံး၊ အပူဓါတ် ရောင်ခြည်ကုထုံးစသည့် ပညာရပ် များ၌ဆေးပညာမဟာဘွဲ့ရ အထူးကု ဆရာဝန်များထံမှာ ကုသမှုခံယူပါ။

(၄) ခွဲစိတ်ခြင်း
နည်းမျိုးစုံသုံးပြီး မသက်သာမှ ခွဲစိတ်နိုင်ပါတယ်။ ကျောရိုးဆစ်ချပ် ပြား (intervertebral disc) ကျွံခြင်း ကြောင့် ကျောရိုး အာရုံကြောမကြီး ညပ်တဲ့အခါ ခွဲစိတ်ပြုပြင်ပြီးမှ သက် သာပါတယ်။ လက်ကောက်ဝတ်၊ တံ တောင်ဆစ်တွေမှာ အကြောညပ်ပြီး ဘယ်လိုမှမသက်သာတဲ့အခါ အကြော ကိုဖိထားတဲ့အပိုင်းကို ခွဲစိတ်ရှင်းလင်း မှ သက်သာတတ်ပါတယ်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ