သွားပေါက်ဖာပေးနိုင်သည့် သွားပြင်ဆေးကို စမ်းသပ်ထုတ်လုပ်။


ဇန် (၁၁) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ရှိ King’s College မှ သုတေသီများက သွားတွင်ဖြစ်သောအပေါက်များကို သဘာဝ အတိုင်း ပြန်လည်ဖာထေးပေးနိုင်အောင် သွားပေါ်ရှိဆဲလ်များကိုလှုံ့ ဆော်ပေးနိုင်သည့် ဓါတုပစ္စည်းတစ်မျိုးကို တွေ့ ရှိဖော်ထုတ်ကာစမ်းသပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဓါတုပစ္စည်းကို ကြွက်များတွင်စမ်းသပ်ခဲ့ရာ ကြွက်သွားဆဲလ်များက သွားတွင်ဖြစ်နေသောအခေါင်းပေါက် များကို အလိုအလျောက်ပြန်ဖာပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလိုအလျောက်ပျော်ပျက်သွားနိုင်သောရေမြုပ်ကို ၄င်း ဓါတုပစ္စည်းတွင်နှစ်ယူပြီး ၄င်းရေမြုပ်ကို သွားအခေါင်းပေါက်ထဲသို့  ထိုးထည့်ပေးခဲ့ရာ သဘာဝအတိုင်း ထိရောက် စွာနှင့် ပြည့်ဝစွာ သွားပြန်ဖာပေးသွားသည်ကို တွေ့ ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သွားမှာ အသစ်ပြန်ဖြစ်နိုင်စွမ်းက အကန့် အသတ်နဲ့ ပဲရှိပါတယ်။ Dentine လို့ ခေါ်တဲ့ အလွှာပါးပါးလေးကိုကို ပြန်ထုတ်နိုင်ပါတယ်။ အဲဒီအလွှာက ကြွေလွှာအောက်က အလွှာပါးလေးပါ။ ဒါပေမယ့် dentine အလွှာပါးလေးနဲ့  သွားအခေါင်းပေါက်တွေကို မဖာနိုင်ပါဘူး။ ပုံမှန်အားဖြင့် သွားဆရာဝန်တွေက အဲဒီသွားအခေါင်းပေါက်တွေကို ရွှေ၊ငွေ အစရှိတဲ့သတ္တုစပ် ဒါမှမဟုတ် ကြွေ အစရှိတာတွေနဲ့  ပြန်ဖာရပါတယ်။ ဒါပေမယ့် အဲဒီလို အခေါင်းပေါက် ကိုဖာလိုက်တဲ့အခါ တစ်သက်တာစိတ်ချရတာမဟုတ်ဘဲ အကြိမ်ကြိမ်ပြန်ဖာ၊ပြန်လဲတာတွေ လုပ်ရတတ်ပါတယ်။ လူ့ ခန္ဓာကိုယ်အရေပြားမှာ အနာဖြစ်ရင် သဘာဝအတိုင်း အသားတွေပြန်ပြည့်သွားသလိုပဲ သွားမှာဖြစ်တဲ့ အခေါင်း ပေါက်တွေကိုလည်း သဘာဝအတိုင်း ပြန်ကောင်းသွားအောင်လုပ်လို့ ရမယ့်နည်းလမ်းကို ကျွန်တော်တို့  ရှာဖွေ ကြံဆခဲ့တာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

သုတေသီများက Tideglusib ကိုတွေ့ ရှိခဲ့ကြောင်း၊ ၄င်းက သွား၏ပင်စည်ဆဲလ်များကို လှုံ့ ဆော်ပေးနိုင်သည့် အစွမ်းသတ္တိရှိကြောင်း၊Tideglusib ဖြင့်ပင် ကြွက်သွား၌ဖြစ်နေသော ၀.၁၃မီလီမီတာရှိသည့် အခေါင်းပေါက်ကို သဘာဝအတိုင်းပြန်ပိတ်သွားအောင် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖော်ပြပါအတိုင်း ရေမြုပ်တစ်ခုကိုဆေးတွင်နှစ် ကာ ၄င်းရေမြုပ်ကို သွားအခေါင်းပေါက်ထဲသို့ ထိုးထည့်ပြီး အပေါ်မှ အကာအကွယ်အလွှာတစ်လွှာကို သုတ်လိမ်း ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ရေမြုပ်က အလိုအလျောက်ပျော်ပျက်သွားသည့်အခါ dentine အလွှာဖြစ်သွားပြီး သွားပေါက်ကို အလိုအလျောက်ဖာပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ရေမြုပ်က အလိုအလျောက်ပျော်ပျက်သွားနိုင်တဲ့အစွမ်းရှိတာ အားသာချက်ဖြစ်ပါတယ်။ အဲဒီရေမြုပ်ကနေရာကို ဖယ်ပေးလိုက်တဲ့အခါ Tideglusib က သွား၇ဲ့ ပင်စည်ဆဲလ်တွေကိုလှုံ့ ဆော်ပေးတော့ အထဲမှာ dentine အလွှာ ထွက်လာပြီး သွားအခေါင်းကိုဖြည့်သွားခြင်းဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ