ဒူးဆစ်ကြံ့ခိုင်မှု ဘယ်လိုစစ်ဆေးမလဲ


အားကစားသမားများ၊ ကာယ လုပ်သားများ၊ လေ့ကျင့်ခန်းပြုလုပ်သူများအနေနှင့် ဒူးဆစ်သန်မာမှု၊ ဒူးဆစ်ဒဏ်ရာဖြစ်နိုင်ချေရှိမရှိ ရိုးရှင်း စွာစမ်းသပ်ကြည့်နိုင်ပါတယ်။ ကာယ ကြံ့ခိုင်ရေးသင်တန်းဆရာများ အသုံး ပြုလေ့ရှိတဲ့ ဒူးဆစ်ကြံ့ခိုင်မှု စမ်းသပ် နည်းအချို့ကို တင်ပြပေးလိုပါတယ်။

(၁) ခုန်ဆင်း/ခုန်တက်
မြေပြင်မှ နှစ်ပေခန့်မြင့်တဲ့နေ ရာကနေ ခြေစုံကျအောင် ခုန်ချပါ။ ကြမ်းပေါ်ကျပြီး ချက်ချင်းပြန်ခုန် တက်ပါ။ ကြမ်းပေါ်အကျမှာ (သို့မ ဟုတ်) ခုန်တက်ပြီးအပေါ်ရောက် တဲ့အခါ ဒူးဆစ်တစ်ဖက်ဖက်ယိုင် သွားတယ်ဆိုလျှင် ကြံ့ခိုင်မှုမရှိလို့ဖြစ် ပါတယ်။

(၂) ခြေတစ်ပေါင်ကျိုးခုန်
ခြေတစ်ပေါင်ကျိုးရပ်ပြီး ရှေ့တည့် တည့်သို့သုံးကြိမ်ခုန်ပါ။ နောက်ဆုံး တစ်ကြိမ်ခုန်ပြီး အကျမှာ ငါးစက္ကန့်မျှ ခြေတစ်ပေါင်ကျိုးအတိုင်းဆက်ရပ် နေပါ။ ဟန်ချက်မထိန်းနိုင်ခြင်း၊ ဒူး ချောင်ပြီးလဲပြိုခြင်းရှိပါက ဒူးဆစ်များ၊ ဟန်ချက်ထိန်းအလေ့အကျင့်များ သန် မာမှုမရှိပါ။

(၃) ခြေတစ်ပေါင်ကျိုးထိုင်
ခါးထောက်ပြီး ခြေတစ်ပေါင်ကျိုး ရပ်ပါ။ လွတ်နေတဲ့ခြေထောက်ကို ဒူး ဆစ်မှာ ၉၀ ဒီဂရီကွေးပါ။ ထို အနေ အထားအတိုင်း ငါးကြိမ်ထိုင်ထ လုပ် ပါ။ ပြီးလျှင်နောက်တစ်ဖက်နှင့် ပြန် လုပ်ပါ။ ဒူးဆစ်နာခြင်း၊ ဟန်ချက် မထိန်းနိုင်ဘဲ လဲကျခြင်းများ ရှိပါက ဒူးဆစ်များကြံ့ခိုင်မှုမရှိပါ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ