ကျန်းမာရေးနှင့်ညီညွှတ်သောအစားအသောက်ဖြစ်ကြောင်း ဆီးစစ်ကာသိရှိနိုင်။


အင်္ဂလန်နိုင်ငံ Imperial College မှ ဆေးဘက်ဆိုင်ရာသုတေသီများက မိမိစားသောက်နေသော အစားအစာများ သည် ကျန်းမာရေးနှင့်ညီညွှတ်ခြင်း ရှိ၊မရှိ ကို ဆီးစစ်ကာ သိရှိနိုင်မည့် နည်းစနစ် အား ဖော်ထုတ်တွေ့ ရှိစမ်းသပ် အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနဲ့ ညီညွှတ်အောင်စားရဲ့ လားလို့ မေးလိုက်ရင် ကိုယ်စားနေတာ ကျန်းမာရေးနဲ့  ညီညွှတ် တယ်လို့  ပဲ ထင်ကြမှာဖြစ်ပါတယ် ။ ဒါပေမယ့် လက်တွေ့ မှာ ကျန်းမာရေးနဲ့ တစ်ကယ်ညီညွှတ်ချင်မှ ညီညွှတ်မှာပါ ။ အခုအဲဒီ အဖြေကို ဆီးစစ်ပြီးဖော်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ အစားအစာတွေထဲက ဇီဝ လက္ခဏာတွေကို ဆီးထဲမှာတွေ့ ရှိနိုင် ပါတယ်။ အဲဒီဇီဝလက္ခဏာတွေကို စစ်ဆေးတိုင်းတာပြီးတော့ ကိုယ်စားသောက်နေတာတွေဟာ ကျန်းမာရေးနဲ့  ညီညွှတ်ရဲ့ လားဆိုတာကို သိရှိနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည် ။

လူတွေစားသုံးတဲ့ အသား၊ အသီး၊ ဟင်းသီးဟင်းရွက် အစရှိတာတွေကို ခန္ဓာကိုယ်ကချေဖျက်ပြီး ဆဲလ်တွေ စုပ်ယူ နိုင်တဲ့အားတွေအဖြစ် ပြုပြင်ပြောင်းလဲပြီး နောက်ဆုံး ပိုလျှံတာတွေကိုစွန့် ပစ်ရာမှာ ဆီးထဲရောက်သွား ကုန်တာတွေ လည်း ရှိပါတယ် ။ အဲဒီအရာတွေကိုတိုင်းတာကြည့်ခြင်းအားဖြင့် လူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လောက်စားသုံးနေသလဲဆိုတာ သိသာစေပါ တယ် ။ အဲဒီလိုစစ်ဆေးသိရှိနိုင်ဖို့ အချိန် ၅ မိနစ်ခန့် ပဲ ကြာပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

ဆီးထဲမှာပါတဲ့ဓါတုပစ္စည်းတွေထဲမှာ လတ်တလောစားထားတဲ့အစားအစာတစ်ချို့ ရဲ့  လက္ခဏာတွေ ကို မြင်တွေ့  နိုင်ပါတယ် ။ အဲဒီထဲမှာ အသားနီ၊ ကြက်သား၊ ငါး၊ အသီးအနှံနဲ့  ဟင်းသီးဟင်းရွက်တွေ ပါဝင်ပါတယ်။ စပျစ်သီး၊ လိမ္မော်သီးနဲ့  ဟင်းသီးဟင်းရွက်တွေနဲ့ ပတ်သက်လာရင် ပိုလို့ တောင် အသေးစိပ် သိရှိနိုင်ပါတယ် ။ အဲဒီလိုရရှိတဲ့ အချက်အလက်တွေကို ပေါင်းစပ်တွက်ချက်ပြီးသွားရင် အစားအစာဟာ ကျန်းမာရေးနဲ့  ဘယ်လောက်အတိုင်းအတာ အထိ ညီညွှတ်သလဲ ဆိုတာကို သိရှိနိုင်ပါတယ် ဟု ၄င်းက ဖြည့်စွက်ပြောပြသည် ။

လူတစ်ယောက်အားကျန်းမာရေးစစ်ဆေးရာတွင် အချိန်ငါးမိနစ်ယူကာ ဆီးကိုစစ်လိုက်ရုံဖြင့် ၄င်း၏ အစားအသောက် ရွေးချယ်မှုပုံစံကို သိရှိနိုင်ပြီး လိုအပ်သော သတ်မှတ်ပိုင်းခြားမှုများကို ပြုလုပ်နိုင်မည့် နည်းစနစ်ဖြစ်ကြောင်း သိရသည် ။


ဇန် (၁၄) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ