ဝမ်းမထိန်းနိုင်ခြင်းကို ကုသရန် နည်းသစ်တစ်မျိုးထွက်ပေါ်


စအိုဝရှိကျုံ့ဆန့်ကြွက်သားများအားနည်းခြင်းကြောင့် ဝမ်းမထိန်းနိုင်ခြင်းဝေဒနာကို ခံစားရသည် ။ အထူးသဖြင့် သက်ကြီး ရွယ်အိုများတွင် အဖြစ်များပြီး မွေးလမ်းကြောင်းမှ ကလေးမွေးဖွားခြင်းနှင့် သွေးချို / ဆီးချိုရောဂါရှိခြင်းတို့ကြောင့်လည်း ထိုဝေဒနာကိုခံစားရနိုင်သည် ။

ယခုအခါတွင် ထိုဝေဒနာကိုကုသရန် အတွက် Fenix Continence Restoration System ဟု အမည်ရသော ကုထုံး အသစ်တစ်မျိုးကို အမေရိကန်နိုင်ငံ FDA မှ အသိအမှတ်ပြုပေးလိုက်ပြီဖြစ်သည် ။ ထိုကုထုံးတွင် သံလိုက်ကို Titanium အလုံး လေးများတွင်မြှပ်ထားပြီး ထို Titanium အလုံးလေးများက Titanium ကြိုးဖြင့် ဆက်သွယ်ထားသော စက်ဝိုင်းပုံပစ္စည်းတစ်မျိုးကို အသုံးပြုထားသည် ။ ထိုပစ္စည်းလေးကို စအိုဝရှိ ကျုံ့ဆန့်ကြွက်သားများအတွင်း ထည့်သွင်းထားရမည်ဖြစ်သည် ။ Titanium အလုံး များတွင် ထည့်ထားသော သံလိုက်၏ဆွဲငင်မှုဖြင့် မလိုအပ်ဘဲ စအိုကြွက်သားများပြေလျော့ပြီး စအိုပွင့်ခြင်းကို ကာကွယ် ပေးထားမည်ဖြစ်သည် ။

ဒီပီ (ဆေး-၁)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ