Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမှာဖြစ်တဲ့ ကင်ဆာတွေ
• Endometrial cancer သားအိမ်ကင်ဆာက မျိုးပွါးလမ်းဖြစ်တာထဲမှာ အများဆုံးဖြစ်တယ်။ သေဆုံးရမှုမှာ သတ္တမနေရာ လိုက်တယ်။ စောစောသိရင် ကုလို့ ရတာကို ပြနေတာ ဖြစ်တယ်။ အသက် ၆ဝ ကျော်တွေမှာ အဖြစ်များတယ်။ စောသိသူတွေကို ခွဲစိတ်ပြီးနောက် Estrogen replacement ဟော်မုန်းဆေး ပါပေးရင် ပြန်ဖြစ်နှုန်းနည်းတာ တွေ့ရတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီနည်းရဲ့ မကောင်း ကျိုးဆက်တွေကို အသေအချာလေ့လာရတယ်။ နှလုံးရောဂါ၊ နှလုံအတက်ရတာ၊ ဆထုပ်ခ်ရတာနဲ့ ရင်သားကင်ဆာ ပိုဖြစ်တတ်တယ်။ ဟော်မုန်းဆေးကို နည်းနည်းနဲ့ ရက်တိုတိုသာ ပေးဘို့ လုပ်လာတယ်။ လူနေမှုအဆင့်အတန်းမြင့်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အမည်းအမျိုးသမီးတွေဟာ အဖြူတွေနဲ့ အာရှသူတွေထက် ၂ ဆ ပိုဖြစ်တယ်။
• Ovarian cancer မျိုးဥအိမ်ကင်ဆာက ဒုတိယလိုက်တယ်။ အသက် ၅ဝ ကျော်မှအဖြစ်များတယ်။ မိသားစုထဲမှာ တယောက်မက ဖြစ်တယ်။
• Cervical cancer သားအိမ်ဝကင်ဆာက တတိယလိုက်တယ်။ ကြားရက်သွေးဆင်းတာ နဲ့ တခုခု ဆင်းတာတွေမှာ သားအိမ်-ကင်ဆာနဲ့ တူတယ်။ သားအိမ်အဝမှာ ဖြစ်ရင် ယောက်ျားနဲ့ ဆက်ဆံအပြီးမှာ လဲ သွေးထွက်လာ တတ်တယ် ။ Human papillomavirus (HPV) ပိုးက လိင်လမ်းကနေဝင်တယ် ။ စောစောသိအောင် Pap smears လုပ်နေသင့်တယ် ။
• Vaginal cancer ဗဂျိုင်းနားကင်ဆာက ရှားတယ်။ အသက်ကြီးမှဖြစ်တတ်တယ်။ ဘာမှလက္ခဏာမရှိတာနဲ့ စတယ်။ ရှိလာရင် နာလာမယ်၊ တခုခုဆင်းမယ်၊ သွေးထွက်မယ်။
• Vulvar cancer အမျိုးသမီး အပြင်အင်္ဂါ (မိန်းမကိုယ်) ကင်ဆာက ရှားတယ်။ ဖြစ်တာလဲ နှေးတယ်။ အသက်ကြီးမှ ဖြစ်တယ်။ အသက်အကြီးဆုံးလို့ ပြောနိုင်တယ်။ ယားမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ပူလောင်နေမယ်၊ တခုခု ဆင်းမယ်။
• တခြား သားအိမ်ရောဂါတွေဖြစ်တဲ့ Fibroid (Myoma)၊ Endometrial hyperplasia နဲ့ Endometriosis တွေက ကင်ဆာမဟုတ်ပါ။
Dr. တင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin