စားသုံးသင့်သော အပူပိုင်းဒေသထွက် သစ်သီးများ


သစ်သီးအများစုဟာ ဒေသအ သီးသီးမှာ စိုက်ပျိုးနိုင်၊ အလွယ်တကူ ရရှိနိုင်သလို တချို့သစ်သီးတွေ ဟာ ဒေသတစ်ခု၊ သို့မဟုတ် နိုင်ငံအနည်း ငယ်မှာသာ စိုက်ပျိုးနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အပူပိုင်းဒေသထွက် သစ်သီးတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများစု စိုက်ပျိုးထွက်ရှိပြီး ကျန်းမာ ရေးအကျိုးပြု အာနိသင်တွေ အများ ကြီးရှိနေပါတယ် ။
ပင်မှည့်သီး (passion fruit) မှည့်သွားရင် အဝါရောင်အဆင်းရှိပြီး အစေ့နက်နက်တွေ ပါဝင်ပါတယ်။ ပင်မှည့်သီးဟာ အရည်ရွမ်းပြီး သကြားအနည်းငယ်နဲ့ ဒီအတိုင်းကို ဖျော်သောက်နိုင်ပါတယ်။ ဗီတာမင် အေ၊
စီ၊ ပိုတက်စီယမ်နဲ့အမျှင်ဓာတ် တွေြွကယ်ဝစွာပါဝင်နေပါတယ်။ ပင်မှည့်သီးတစ်လုံးမှာ ၁၆ကယ်လို ရီသာ ပါဝင်ပါတယ်။

သရက်သီး(mango)-အရှေ့ တောင်အာရှရဲ့ မျိုးရင်းသစ်သီးဖြစ်ပါ တယ် ။ အစိမ်းရောင် ၊ အဝါရောင် ၊ ဝါနီရောင်စသဖြင့် အရောင်တွေ ကွဲပြားပေမယ့်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်အေ ၊
စီတွေအများကြီး ပါဝင်နေပါတယ်။ သရက်သီးကို မကြိုက်တဲ့သူဆိုတာ တော်တော်ရှားပါတယ်။ အပြင်ခွံကို ခွာ၊ အစေ့ကိုဖယ်ရှားပြီးရင်တော့ ချိုမြိန်တဲ့ အပူပိုင်းထိပ်တန်းသစ်သီးရဲ့ အရသာကို ခံစားရပါပြီ။ ထမင်းနဲ့
တွဲဖက်စားသုံးတာပဲဖြစ်ဖြစ်၊ ဖျော် ရည်ဖျော်သောက်တာပဲဖြစ်ဖြစ်၊ အချို ပွဲအဖြစ်စားတာပဲဖြစ်ဖြစ် မျိုးစုံစား သုံးလို့ရတဲ့ သစ်သီးတစ်မျိုးဖြစ်ပါ တယ်။

သင်္ဘောသီး(papaya)သင်္ဘော သီးဟာ ဒေသအသီးသီးမှာ တွေ့ရှိရ ပေမယ့် ဗဟိုအမေရိက မျိုးရင်းဖြစ် ပါတယ်။ ပျော့ပျောင်းနူးညံ့ပြီး ထော ပတ်သားလိုဖြစ်နေတဲ့ သင်္ဘောသီး ဟာ ၁၁၈ကယ်လိုရီသာ
ပါဝင်ပါ တယ်။ ချိုမြိန်မှုအပြင် ဆိမ့်သက်မှု ကိုပါ ပေးစွမ်းနိုင်တဲ့ သင်္ဘောသီးဟာ ဖျော်ရည်ဖျော်သောက်မယ် ဆိုရင် မျက်စိအားနည်းတဲ့သူတွေကို သက်သာစေပြီး ဒိန်ချဉ်နဲ့ရောစပ်ပြီး သောက်မယ်ဆိုရင်တော့ အသား
အရည်ကြည်လင်မှု၊ အရေပြားကင် ဆာကို ကာကွယ်နိုင်မှုတွေကို ရရှိ စေနိုင်ပါတယ်။ မတ်ခွက်တစ်ခွက် စာဟာ ၈၀ကယ်လိုရီသာ ပါဝင်ပါ တယ်။

သလဲသီး(pomegranate)-သလဲသီးဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုမြင့်တဲ့ အတွက် နောက်ပိုင်းမှာ ရှေ့တန်းကိုရောက် လာတဲ့ သစ်သီးဖြစ်ပါတယ် ။ အလှ ကုန်၊ ဆပ်ပြာ ၊ ခေါင်းလျှော်ရည်တွေမှာလည်း ထည့်သွင်းတဲ့ သစ်သီးတစ် မျိုးဖြစ်ပါတယ် ။ ပန်းသီးအရွယ်အစား လောက်ရှိပြီး ရဲရဲနီတဲ့အတွင်းသား ဟာ ကျောက်မျက်လေးတွေ စီထား သလိုပါပဲ။ အစေ့ကိုပါစားလို့ရပြီး အရည်ညှစ်သောက်မယ်ဆိုရင်တော့လေဖြတ်ခြင်း ၊နှလုံးသွေးကြောကျဉ်း ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

မာလကာသီး(guava)-မာလ ကာသီးရဲ့ အရသာဟာ စတော်ဘယ် ရီသီးနဲ့ သစ်တော်သီးကို ပေါင်းစပ် ထားတာလို့ တင်စားကြပါတယ်။အူလို့ခေါ်တဲ့ အတွင်းသားဟာ အဖြူ၊ ပန်းရောင်၊ အဝါရောင်၊ အနီရောင်စ
သဖြင့်ရှိပြီး အစေ့မပါဝင်တဲ့ အသီး တွေကိုပါ တီထွင်နိုင်လာပါပြီ ။ ဒါပေ မယ့် မျိုးဗီဇပြုပြင်ထားတဲ့ အစားအ စာကို ဆန့်ကျင်သူတွေကတော့ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ် ထားတဲ့ မာလကာသီးကိုပဲ စားသုံး
စေပါတယ် ။ ဗီတာမင်စီတွေကြွယ်ဝ နေပြီး ပိုတက်စီယမ်နဲ့ ဖော့စဖရပ်တွေ ပါဝင်ပါတယ် ။

သက်ကို
 Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ