သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို နေ့အလင်းရောင်အောက်တွင် ထားရှိပါက အာဟာရပိုမိုရရှိ


ကြောင်အိမ်များနှင့် ရေခဲ သေတ္တာများတွင် သိုလှောင်ထား သည်ထက်စာလျှင် နေ့နှင့် ည အလင်း ရောင်အောက်တွင် သဘာဝအတိုင်း ထားရှိသောသစ်သီးများနှင့် ဟင်းသီး ဟင်းရွက်များသည် အာဟာရတန် ဖိုးများနှင့် အရသာပိုမိုကောင်းမွန် ကြောင်းသိရှိရသည်။နေ့ ည စက်ဝန်း အောက်တွင် သိုလှောင်ထားသော ဟင်းသီးဟင်းရွက်များသည် ကျန်းမာ ရေးအတွက် ပိုပြီးသင့်တော်ကြောင်း စိုက်ပျိုးပြီးနောက် ခူးဆွတ်ပြီးသည် နှင့် အလင်းရောင်၏ လှုံဆော်မှုများ အောက်တွင် ထားရှိပါက ဟင်းသီး ဟင်းရွက်နှင့် သစ်သီးများ၏ ဇီဝဗေဒ တန်ဖိုးများကို ယုတ်လျော့မသွားစေ ဘဲ အင်းဆက်နှင့် ဘက်တီးရီးယားများ ၏ ဒဏ်ကိုပိုမိုခံနိုင်ရည်ရှိစေကြောင်း အမေရိကန်နိုင်ငံ၊ Rice University မှ သုတေသီ Janet Braam က ပြောကြားထားသည်။

ကျန်းမာရေးအတွက် သင့်တော် သော အစားအစာများကို ပြင်ဆင် ချက်ပြုတ်နိုင်ရန် မည်သည့်အချိန် တွင် ချက်ပြုတ်ရမည်၊ မည်သို့သော အခြေအနေတွင် အစားအစာကရှိနေ မည် စသည်တို့ကို သိရှိခြင်းအပြင် မည်ကဲ့သို့သိုလှောင်ထားရမည်ဆို ခြင်းမှာလည်း အရေးပါနေကြောင်း ယခုသုတေသနက မီးမောင်းထိုးပြ နေခြင်းဖြစ်သည်။

 သား၊ ငါးများနှင့် မတူညီသော အချက်မှာ ဟင်းရွက် များနှင့် သစ်သီးများသည် အရွက် ပင်စည်၊ အမြစ်၊ အပွင့်၊ အခေါက်၊ အသီးစသည်ဖြင့် အစိတ်အပိုင်း များစွာ ပါဝင်နေခြင်းဖြစ်သည်။ ထို့ပြင် ယင်း အစိတ် အပိုင်းများကို အတူတကွ ထားရှိ/မရှိ ကလည်း ဟင်းသီးဟင်းရွက်များ၏ အာဟာရ တန်ဖိုးအပေါ် သက်ရောက်မှုရှိနေ သည်။

ယခုလေ့လာမှုတွင် တွေ့ရှိခဲ့ သည်မှာ ရိတ်သိမ်းခူးဆွတ်ပြီး သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီး များကို သဘာဝနေ့ ညအလင်းရောင် အောက်တွင် သိုလှောင်ခြင်းသည် ယင်းတို့၏ ကျန်းမာရေးအာနိသင်၊ အာဟာရတန်ဖိုးနှင့် အင်းဆက်၊ ဘက်တီးရီးယားများအပေါ် ခံနိုင် ရည်ရှိမှုများကို ပိုမိုတိုးတက်စေခြင်း ပင်ဖြစ်သည်။ ယခုလေ့လာမှုတွင် နမူနာအဖြစ် ဂေါ်ဖီထုပ်(Cabbage)ကို အသုံးပြုခဲ့သည်။

သုတေသီ Janet Braam က ''အခုလေ့လာမှုဟာ ကြောင်အိမ် တွေနဲ့ ရေခဲသေတ္တာတွေကို မသုံးဘဲ ထားဖို့ မဟုတ်ပါဘူး ။ ဝယ်ယူထားပြီး တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး တွေကို မသိမ်းဆည်းခင်ပြင်ပမှာ အလင်း ရောင်ရှိတဲ့နေရာမှာတစ်ရက် လောက်ထားပေးဖို့ပါပဲ ။ ဒီလိုလုပ်ပေး နိုင်ရင်အာဟာ ရတန်ဖိုးတွေပိုရမယ့် အပြင်ဟင်းသီးဟင်းရွက်နဲ့ သစ်သီး တွေမှာပါတဲ့ အစိမ်းရောင်ခြယ် အာဟာရတွေ Photochemical Nutrients တွေ ပိုမိုခံစားရနိုင်ပါ တယ်'' ဟု ရှင်းပြခဲ့ သည် ။
အခုလေ့လာမှုကို Journal of Current Biology တွင် ဖော်ပြ ထားခြင်းဖြစ်သည် ။

သက်ကို
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ