မျက်နှာပြင်တင်းရင်းစေဖို့ လေ့ကျင့်ခန်းများ


မျက်လုံး
မျက်စေ့မှိတ်ပြီး ထိုင်ပါ။မျက်နှာ ကို ဖြေလျော့ထားပါ။ မျက်စေ့ မှိတ်ထားပြီး မျက်လုံးကို အပေါ် အောက် ဝေးနိုင်သမျှ ဝေးဝေး ကြည့် ပါ။ (၁၅) ကြိမ် ထပ်ခါ ထပ်ခါ လုပ် ပါ။
ဤလေ့ကျင့်ခန်းက သင်၏မျက်လုံး ပတ်ဝန်းကျင်မှ အရေပြားကို တင်း ရင်းစေပါသည်။

လည်ပင်း
(၁)ထိုင်၍လည်းကောင်း၊ ထ၍ လည်း ကောင်း အနေအထားမှ ခေါင်းကို မျက်နှာကျက်ပေါ်သို့ နောက် ကို လှန်ချပါ။ ပါးစပ်ပိတ်ပြီး ဖြေလျော့ ထားပါ။ ကျောရိုးကို မတ်မတ် နေပါ။ ထို့နောက် အပေါ်နှုတ်ခမ်းကို (၁၀)
စက္ကန့်ခန့် ခေါင်မိုးဆီသို့ စူ ထားပါ။ ထပ်ခါထပ်ခါလုပ်ပါ။လည်ပင်းအသားကို တင်းစေပါသည်။

(၂)ခေါင်းကို မျက်နှာကျက်နှင့်မျက်နှာ ချင်းဆိုင် ဖြစ်အောင် နောက် ကို လှန်ထားပါ။ လျှာကို အမိုးဆီသို့ ဆန့်နိုင်သမျှ ဆန့်ထား ပါ။ ပြီးမှ ခေါင်းကို ပုံမှန်အနေအထားသို့ ဖြည်းဖြည်းချင်း ပြန်ချပါ။
-မှန်ကန်စွာလုပ်ပေးပါက မေးစေ့ အောက်သားများ လည်ပင်းအရှေ့ ပိုင်းတို့တင်းရင်းလာပါမည်။ (၅) ကြိမ်နေ့စဉ်ပုံမှန်လုပ်ပေးပါ။

မေးစေ့
မတ်မတ်ထိုင်ပါ။ ခေါင်းကို အမိုးဆီ သို့လှန်ပါ။ နှုတ်ခမ်းကို နမ်းသည့် အနေအထားဖြင့် စက္ကန့် (၂၀) ထားပါ။ နေ့စဉ်လုပ်ပါ။ ထို့နောက် ပုံမှန်အနေအထားအတိုင်း ပြန် နေပါ။

နဖူး
နဖူးသားတင်းရင်းစေရန် မျက်ခုံးအပေါ် (၂)ဖက်ကို ဘယ်၊ ညာလက်ခလယ်ဖြင့် မျက်ခုံးမွှေး အဆုံး နားထင်ဖက်ဆီသို့ ဆွဲတင် ပါ။ (၁၀)ကြိမ် နေ့စဉ်လုပ်ပါ။

နှုတ်ခမ်း
လက်ချောင်းကို နှုတ်ခမ်းဖြင့် တတ် နိုင်သလောက် ခပ်များများစုပ်ယူပါ။ (၁၀)ကြိမ်လုပ်ပါ။ နှုတ်ခမ်းဘေး သားများ တင်းလာပါမည်။

ဒေါန
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ