ချယ်ရီသီး၏ကျန်းမာရေးအပေါ် သက်ရောက်မှုများ


၁. ကြွက်သားများကို အထောက် အပံ့ဖြစ်စေသည်
အော်ရီဂွန်ကျန်းမာရေးနှင့် သိပံ္ပပညာတက္ကသိုလ်မှ လေ့လာမှု အရ ချယ်ရီသီးများ၌ အရောင်ကျ စေသောအစွမ်းရှိပြီး ကြွက်သားနာ ခြင်းကို သက်သာစေသည်ဟု တွေ့ရ သည်။ အချိန်ကြာမြင့်စွာပြိုင်ရသည့် ပြိုင်ပွဲမျိုး၌ မပြိုင်မီ ချယ်ရီသီးဖျော် ရည်သောက်ထားပါက အခြားသော အသီးဖျော်ရည်များ သောက်ခြင်း ထက် ကြွက်သားများနာကျင်မှုကို ပို၍ သက်သာစေသည်။

၂.အိပ်စက်ရာ၌ ကူညီပေးနိုင်သည်
ချယ်ရီသီး၌ အိပ်စက်ခြင်းကို မှန်ကန်စေသည့် Melatonin ဆို သည့်ဓာတုပစ္စည်းပါဝင်ပြီး အိပ်စက် ခြင်းကို မှန်ကန်စေရန် အကူအညီ ပေးနိုင်သည့်အပြင် မှတ်ဥာဏ် ပျောက်ဆုံးခြင်းကို လျော့နည်းစေ ကာ အသက်အရွယ်ကြီးရင့်မှုဖြစ်စဉ် အား နှေးကွေးစေသည်။ ယင်းအ ချက်အား ဗြိတိန်မှ နော့သမ်ဘရီး ယားတက္ကသိုလ်မှ ထောက်ခံခဲ့သည်။

၃.ဂေါက်အဆစ်ရောင်ရောဂါအား သက်သာစေနိုင်သည်
ချယ်ရီသီးက သွေးတွင်းရှိ Uric acid ပမာဏကို လျော့နည်း စေရုံသာမက အရောင်ကျစေသည့် အတွက် ဂေါက်ရောဂါအား သက် သာစေနိုင်သည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာမှုအရ ညစဉ် ချယ်ရီသီး 280 g စားသုံးပါက သွေးတွင်း Uric acid ကို ၁၅% လျော့နည်းစေကြောင်း တွေ့ရှိခဲ့ သည်။

၎. အသားအရေအား အကူအညီ ဖြစ်စေသည်
မီချီဂန်တက္ကသိုလ်မှ လေ့လာ မှုအရ နေ့စဉ်ချယ်ရီသီးဖျော်ရည် တစ်ခွက် သောက်ခြင်းအားဖြင့် အသက်အရွယ်ကြီးရင့်မှုဖြစ်စဉ် အား သိသာစွာ လျော့နည်းစေကြောင်း တွေ့ရသည်။ ချယ်ရီသီး၌ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ၁၇ မျိုးနှင့် အထက် ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင် ပစ္စည်း ပါဝင်မှုအမြင့်ဆုံး အသီးတစ်မျိုးဖြစ် သည်။

၅.ဆီးလမ်းကြောင်းကို အထောက် အကူဖြစ်စေသည်
ချယ်ရီသီး၌ ဆီးခဏခဏ သွားစေသောအစွမ်းရှိပြီး ဆီးဆေးအ နေဖြင့် အသုံးဝင်စေသည်။

၆.လိင်စိတ်တတ်ကြွစေရန်ကူညီပေး နိုင်သည်
ချယ်ရီသီး၌ ဗီတာမင် ဗ နှင့် ဃ အမြောက်အမြားပါဝင်ပြီး ယင်းက အမျိုးသား၊ အမျိုးသမီးများ ၌ လိင်စိတ် လျော့နည်းခြင်းအား ကူညီ ပေးသည်။

၇.အရေပြားပြဿနာများကို ပျောက် ကင်းစေနိုင်သည်
ချယ်ရီသီးက ဆိုးဝါးသော ဝက်ခြံများ၊ အရေပြားပိုးကူးစက်ခံရ ခြင်းတို့အား သက်သာစေသည်။


ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ