ကော်ဖီသောက်သုံးသူများတွင် ကိုယ့်ကိုကိုယ်သတ်သေနှုန်း ထက်ဝက်လျော့နည်း


အမျိုးသားများရော အမျိုးသမီးများပါ မိမိကိုယ်ကို သတ်သေမှု (suicide )နှုန်း ကျဆင်းစေခြင်းကို ကော်ဖီမှာ တွေ့ရှိခဲ့ကြောင်း ဟားဗတ်တက္ကသိုလ်မှ သုတေသနတစ် ရပ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအကြီးစားသုံးခုကရတဲ့ အချက်အလက်တွေကို သုံးသပ်ပြီးနောက်မှာ ဟားဗတ်ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်ဟာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကဖင်းဓာတ်ပါဝင်နေတဲ့ ကော်ဖီကို တစ်နေ့ကို နှစ်ခွက်ကနေ သုံးခွက် သောက်သုံးပေးသူတွေဟာ ကော်ဖီ မသောက်သုံးသူတွေထက်စာရင် suicide လုပ်တဲ့နှုန်း ၅၀%လျော့နည်း တယ်ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ် ။ အမေရိကန်နိုင်ငံသား နှစ်သိန်းကျော်ကို ၁၆နှစ်ကြာ စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး အခုလိုရလဒ်ကို ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဒီလေ့လာမှုဟာ ကော်ဖီသောက်သုံးသူတွေမှာ suicide လုပ်တဲ့ နှုန်းလျော့နည်းတယ်လို့ပဲ ဆိုလို တာဖြစ်ပြီး ကော်ဖီမ သောက်ရင် မိမိကိုယ်ကို သတ်သေနိုင်ချေများ တယ်လို့ ဆိုလိုတာ မဟုတ်ကြောင်းကိုလည်း ဟားဗတ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ သုတေသီတွေက ပြော ကြားထားပါတယ်။

အမျိုးသမီးတွေမှာ ကော်ဖီ သောက်သုံးသူများဟာ မသောက်သူများထက် စိတ်ကျဝေဒနာဖြစ်ပွားမှုနှုန်း ၁၅% လျော့ကျတယ်ဆိုတာကိုလည်း အခုလေ့လာမှုမှာ တွေ့ရှိခဲ့ ပါတယ်။ လေ့လာမှုမှာ ကဖင်းဓာတ် ပါဝင်တဲ့ ကော်ဖီကို အထူးပြုလေ့လာခဲ့ပြီး ကဖင်းဓာတ်က suicideအပေါ်ကို သက်ရောက်မှုရှိမရှိကို ဆက်လက်လေ့လာနေပါတယ်။
အခုသုတေသနကို World Journal of Biological Psychiatry မှ ဖော်ပြထားတာ ဖြစ်ပါတယ်။

ငြိမ်းအေး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ