မုယားကြိးရွက်


မုယားကြီး အရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးပါက သွားနာ၊ သွားကိုက်၊ သွားဖုံး သွေးယိုခြင်း၊ သွားနဲ့ခြင်းများ ပျောက်၏။ မုယားကြီး ရွက်ကို မျက်ရည်ယိုခြင်း၊ မျက်လုံး နီမြန်း၍ ပူလောင်ခြင်း၊ မျက်လုံးကိုက်ခြင်း၊ မှုန်ခြင်း၊ နာခြင်း၊ နံနက် အိပ်ရာထ မျက်ချေး များစွာ ထွက်ခြင်း၊ မျက်စိ ယားယံခြင်း စသော မျက်စိ ရောဂါများ၌ ၎င်း အရွက်ကို ညက်အောင် ကြိတ်၍ ၃၊၄ ရက်မျှ အုံပေးပါက အထက်ပါ ရောဂါများ ပျောက်ကင်း၍ မျက်စိအားတိုး လာပါ လိမ့်မည်။

မုယားကြီးရွက် တစ်ဆုပ်စာကို ရေသုံးခွက် တစ်ခွက်တင် ပြုတ်၍ တစ်နေ့ သုံးကြိမ် သောက်လျှင် သွေးဝမ်း၊ ဒူလာ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်စေသည်။ မုယားကြီးရွက် ပြုတ်ရည်နှင့် ယားနာများကို ဖန်ရေ ဆေးပေးပါက ပျောက်ကင်းနိုင်၏။ မုယားကြီးရွက်ကို ခမ်းအောင် ကျို၍ ၎င်းရေ ခပ်နွေးနွေးကို နှုတ်ငုံဆေး အဖြစ် မကြာမကြာ ငုံထွေးခြင်း ပြုပါက သွားကိုက်၊ သွားနာ၊ သွားပိုး၊ သွေးယိုစိမ့် ပျောက်ကင်း၏။ မုယားကြီး အပင်ပေါက်စ နုနုကို တစ်ပင်လုံး ယူ၍ ကြိတ်ပြီးလျှင် ၎င်း သတ္တုရည်ကို ယူပါ။ ၎င်းကို သကြားခဲ၊ ပျားရည်နှင့် သင့်တော်ရုံ ထည့်၍ သောက်က ကိုယ်ရေ၀ါ ရောဂါ ပျောက်ကင်း၏။

မုယားကြီးရွက် သတ္တုရည်နှင့် ပျားရည် ဆတူ စပ်၍ ကြေးဇွန်းကြီး တစ်ဝက်မျှ နေ့စဉ် နှစ်ကြိမ် သောက်ပါက မီးယပ် သွေးလွန်နာကို ပျောက်စေသည်။ မုယားကြီးရွက် သတ္တုရည်တွင် သကြားခဲနှင့် သိန္ဒော သင့်ရုံထည့်၍ တစ်ခွက်စာ ကြေးဇွန်းကြီး တစ်ဇွန်းမျှ သောက်ပါက ပန်းနာ၊ ရင်ကျပ်နှင့် ချောင်းဆိုး ရောဂါ သက်သာ စေနိုင်ပါသည်။ ၎င်း အရည်ကို ပါးစပ်နာများအား လိမ်းပေးပါက ပျောက်ကင်း၏။ မုယားကြီးအနက် အမြစ်ကို ရေအေးနှင့် သွေး၍ ကင်းကိုက်သော နေရာကို လိမ်းပေးပါက ကင်းဆိပ်ပြေ၏။ မုယားကြီးမြစ်ကို ပိုးမွှား သတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံး ပြုနိုင်သည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ