စိတ်ဓါတ်ကျခြင်းသည် ကိုလက်စထရောကဲ့သို့ ပင် နှလုံးကိုထိခိုက်စေနိုင်


ဆေးလိပ်သောက်ခြင်း ၊ သွေးတွင်းကိုလက်စထရောများခြင်း ၊ အ၀လွန်ခြင်း အစရှိသည်တို့ ကြောင့် နှလုံး ခုန် ရုတ်တရက်ရပ်တန့် ခြင်းဖြစ်ပွားနိုင်သည်ကဲ့သို့ ပင် စိတ်ဓါတ်ကျဆင်းမှုလွန်ကဲခြင်းကြောင့်လည်း နှလုံး ခုန်ရုတ်တရက်ရပ်တန့် နိုင်ပြီးနှလုံးခုန်မရပ်တန့် လျင်လည်း သွေးတွင်းကိုလက်စထရောများခြင်းကြောင့် နှလုံးကိုထိခိုက်စေနိုင်သည်ကဲ့သို့ ပင် ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း ဥရောပသုတေသီများက ပြောသည် ။

 နှလုံးရောဂါကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းကြီး ၅-ခု ရှိပါတယ် ။ အ၀လွန်ခြင်း ၊ ကိုလက်စထရောမြင့် မားခြင်း ၊ ဆီးချိုရောဂါရှိခြင်း ၊ သွေးပေါင်ချိန်မြင့်တက်ခြင်းနဲ့  ဆေးလိပ်သောက်ခြင်းတို့ ဖြစ်ပါတယ် ။ အသက် ၄၅ ကနေ ၇၄ အရွယ် ဥရောပနိုင်ငံသား ၃၄၀၀ ဦးထက်မနည်းကို ၁၀ နှစ်ကြာအောင် စောင့် ကြည့် လေ့လာခဲ့တဲ့ အခါ နှလုံးသွေးကြောကျဉ်းရောဂါကြောင့်ဖြစ်စေ ၊ နှလုံးခုန် ရုတ်တရက် ရပ်ခြင်းကြောင့်ဖြစ်စေ သေဆုံးခဲ့သူတွေမှာ ပြင်းထန်တဲ့စိတ်ကျရောဂါလည်းရှိနေတာကိုတွေ့ ရပါတယ် ။

စိတ်ကျရောဂါရှိနေသူ တွေမှာ ခုနကဖော်ပြခဲ့တဲ့ နှလုံးရောဂါဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်း ၅-မျိုးထဲက အနည်းဆုံးတစ်ခုကို တွေ့ ရပါတယ် ဟု ဂျာမန်သုတေသီတစ်ဦးက ပြောပြသည် ။ စိတ်ကျရောဂါကို ခံစားနေရခြင်းရှိ ၊ မရှိကို စိတ်ခံစားမှု အပြောင်းအလဲမြန်ခြင်း ၊ စိုးရိမ်ကြောင့်ကျမှု လွန်ကဲခြင်း ၊ မောပန်းနွမ်းနယ် လွယ်ခြင်း တို့ ဖြင့် ဆုံးဖြတ်ရကြောင်း ၊ နှလုံးသွေကြောကျဉ်းသူများ စိတ်ကျရောဂါခံစားရ လျင် သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းဖြစ်ပြီး ကိုလက်စထရောမြင့်မားခြင်း၊ အ၀လွန်ကဲခြင်းတို့ ကိုခံစားနေရ သူများတွင် သေဆုံးနိုင်ခြေ ၈ မှ ၂၁ ရာခိုင်နှုန်း၊ ဆီးချိုရောဂါခံစားနေရသူများတွင် သေဆုံးနိုင်ခြေ ၅ ရာခိုင် နှုန်းမှ ၈ ရာခိုင် နှုန်း ဖြစ်ကြောင်း သိရသည် ။ သို့ သော် ဆေးလိပ်သောက်သူများတွင် စိတ်ကျရောဂါလည်း ၀င်လာလျင် သေဆုံးနိုင်ခြေ ၁၇ မှ ၂၀ ရာခိုင် နှုန်း၊ သွေးတိုးရှိသူများတွင် ၃၀ မှ ၃၄ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ စိတ်ကျရောဂါခံစားနေရသူများတွင် နှလုံးရောဂါကိုဖြစ်စေနိုင်သော အကြောင်း ရင်း အကြောင်းခံ အနည်းဆုံးတစ်ခုရှိလျင်ပင် အသက်သေဆုံး ရန် ရာခိုင်နှုန်းမြင့်မား လာလေ့ရှိကြောင်း ၊ ထို့ ကြောင့် စိတ်ဓါတ်ကျဆင်းမှုလွန်ကဲခြင်း၊ ကာလရှည်ကြာလာ ခြင်း ဖြစ်ပွားလျင် စိတ်ကျန်းမာရေး ဆရာဝန်များနှင့် အ ချိန်မီပြသကာ ကုသမှုကိုခံယူရန်လိုအပ်ကြောင်း နားလည် တတ်ကျွမ်း သူများက အကြံပေးထားသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ