အမျိုးသားများ ညပိုင်းအိပ်စက်ချိန် များလွန်းခြင်း၊ နည်းလွန်းခြင်းတို့ ဖြစ်လျင် ကင်ဆာရောဂါဖြစ်နိင်ခြေ မြင့်မား။


အမျိုးသားများ နှစ်ပေါင်း(၂၀) ထက်မနည်း ညဆိုင်းအလုပ်ဆင်းလျှင်၊ သို့ တည်းမဟုတ် နေ့ ခင်းအိပ်စက်ချိန် မထားရှိဘဲ ညဆိုင်းအလုပ်လုပ်သက်ကြာလာလျင်၊ သို့ တည်းမဟုတ် တစ်ညလျှင် (၁၀)နာရီထက်မနည်း အိပ်စက်လျှင် ကင်ဆာဖြစ်ပွားနိုင်ခြေမြင့်မားသည်ကို တွေ့ ရှိရကြောင်း တရုတ်နိုင်ငံ ဟွာကျုံတက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်ကြေညာသည် ။

သုတေသီများသည် လူလတ်ပိုင်းအရွယ်အမျိုးသားများ၊ သက်ကြီးပိုင်းအရွယ်အမျိုးသားများ၊ လုပ်ငန်းခွင်မှ အငြိမ်း စား ယူပြီးခါစအမျိုးသားများ ၂၇၀၀၀ ဦးထက်မနည်းကို တွေ့ ဆုံးမေးမြန်းလေ့လာ ဆန်းစစ် ခဲ့ခြင်းဖြစ်ပြီး ညပိုင်း အိပ်စက်ချိန် နည်းလွန်းလျင်ဖြစ်စေ၊ များလွန်းလျင်ဖြစ်စေ ကင်ဆာရောဂါဖြစ်ပွား နိုင်ခြေ မြင့်မားစေသည့်အထောက် အထားများကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

ကင်ဆာဖြစ်ပွားမှုနှင့်ဆက်နွယ်နေသော အိပ်စက်မှုပုံစံ (၃)မျိုးရှိကြောင်း၊ ညဆိုင်း အလုပ်ဆင်းခြင်း ၊ နေ့ ပိုင်း အိပ်စက် ခြင်း ၊ ညပိုင်းအိပ်စက်ခြင်း တို့ ဖြစ်ကြောင်း ၊ ဖော်ပြခဲ့သည့်အတိုင်း ညဆိုင်း အလုပ် ဆင်းခြင်းကြောင့် အိပ်ရေးပျက် လွန်းလျင်လည်း ကင်ဆာရောဂါဖြစ်ပွားစေ နိုင်ပြီး နေ့ ပိုင်း အိပ်စက်မှုများ လွန်းလျင်လည်း ကင်ဆာဖြစ်ပွားနိုင်ပြန်ကာ ညပိုင်းအိပ်စက်ချိန်များလွန်းလျင်လည်း တန်ဆေး ၊ လွန်ဘေးဟူသည့် အလျောက် ကင်ဆာရောဂါဖြစ်ပွားနိုင်စေသည် သာဖြစ်ကြောင်း သိရသည် ။

ညဆိုင်းအလုပ်ဆင်းတဲ့သူတွေအားလုံးမှာ နေ့ ပိုင်းတရေးတမောအိပ်စက်တဲ့အကျင့် ရှိပါတယ်။ နှစ်ပေါင်း (၂၀) လောက် အဲဒီလို ညမအိပ်ဘဲနေ့ အိပ်လိုက်၊ ဒါမှမဟုတ် ညအချိန်ကို အိပ်လိုက် ၊ ထလိုက် လုပ်နေရသူတွေမှာ ကင်ဆာဖြစ်ပွားနိုင်ခြေ (၂၇)ရာခိုင်နှုန်း မြင့်မားလာတာကိုတွေ့ ရပါတယ် ။ ညဆိုင်းလည်းအလုပ်လုပ်တယ် ၊ နေ့ ခင်း ပိုင်းမှာလည်း တရေးတမောအိပ်ချိန်မရှိဘူး ဆိုတဲ့သူတွေမှာတော့ ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုမြင့်မားပါတယ်။ နေ့ လည်ပိုင်းကို အနည်းဆုံး တစ်မိနစ်ကနေ မိနစ် ၃၀ အထိ အိပ်စက်သူတွေမှာတော့ ကင်ဆာဖြစ်ပွားနိုင်ခြေ ရှိနေ သေးပေမယ့် နည်းတာကိုတွေ့ ရပါတယ် ။ တချို့ ကျပြန်တော့လည်း အိပ်ချိန်များလွန်းပြန်ရော။ တစ်ညကို ၁၀ နာရီ ထက်မနည်း အိပ်တာ ကြာလာ ရင်လည်း ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားစေပါတယ်ဟု သုတေသီတစ်ဦးက ပြောပြ သည်။

ဖော်ပြပါ မှားယွင်းသောအိပ်စက်မှုပုံစံများအနက် နှစ်ခုမျှကိုကျင့်သုံးမိရုံဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ သိသာစွာ မြင့်မားလာမည်ဖြစ်ကြောင်း၊ ညဆိုင်းအလုပ်ဆင်းကာ နေ့ ပိုင်းတွင်လည်း မအိပ်စက်သူများတွင် အဆိုးဆုံးဖြစ်သလို တစ်ညလျင် (၁၀)နာရီထက်မနည်း အိပ်စက်သူများတွင်လည်း ကင်ဆာဖြစ်ပွား နိုင်ခြေ မြင့်မားကြောင်း သိရသည် ။

နို (၈) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ