ဓမ္မတာလာစဉ် နာကျင်မှုကိုသက်သာစေမည့် အထူးချောကလက်ကို ထုတ်လုပ်။


ဆွစ်ဇာလန်နိုင်ငံသား ချောကလက်ကုန်သည် Marc Widmer ဆိုသူက နာကျင်ကိုက်ခဲမှုကို သက်သာစေမည့် အထူးချောကလက်တစ်မျိုးကိုထုတ်လုပ်ထားပြီး Frauenmond bar ဟု အမည်ပေးထားသော ၄င်းချောကလက်တွင် ဆွစ်ဇာလန်နိုင်ငံရှိ တောင်စဉ်တန်း ၁၇-ခု တွင်ပေါက်ရောက်လေ့ရှိသော ဆေးမြစ်များကို ထည့်သွင်းထားကာ အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်မည်ဖြစ်ကြောင်း သိရသည် ။

ချောကလက်တစ်တောင့်မှာ ချောကလက် ၆၀ ရာခိုင်နှုန်းနဲ့  ဆေးမြစ် ၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ် ။ ချောကလက် နဲ့  အဲဒီဆေးမြစ်တွေရဲ့  ပေါင်းစပ်အာနိသင်ကြောင့် ခန္ဓာကိုယ်တွင်းက စီရိုတိုနင် ဟိုမုန်းပမာဏကို တိုးစေမှာ ဖြစ်ပါတယ်။ အဲဒီစီရိုတိုနင်ဟိုမုန်းက စိတ်ဓါတ်ကို တက်ကြွစေပြီး အေးငြိမ်း မှုကို ခံစားရစေနိုင်ပါတယ်ဟု Widmer က ပြောပြသည် ။

ချောကလက်ကိုလုပ်တဲ့အခါ ကိုကိုးအစေ့ကိုအသုံးပြုရပါတယ်။ ကိုကိုးအစေ့မှာ သီယိုဘရိုမင်း နဲ့  စီရိုတိုနင်း ဟိုမုန်း တွေ ပါဝင်ပါတယ်။ သီယိုဘရိုမင်းက အေးငြိမ်းမှုကိုခံစားရေစေသလို စီရိုတိုနင်က ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါ တယ်။ အာနိသင်ကတော့ နှလုံးအားနဲ့  သွေးစီးဆင်းမှုအား တို့ ကို ကောင်းမွန်စေ မှာဖြစ်ပါတယ် ။ ဆေးမြစ်တွေရဲ့  အာနိသင်ကိုပါ ရရှိတဲ့အခါ လူတစ်ကိုယ်လုံးနေလို့ ကောင်းသွားတာပေါ့ ဟု ၄င်းက ဆက်လက်ပြောပြသည် ။

ချောကလက်က သူချဉ်းပဲလည်းကောင်းပါတယ်။ ဒါပေမယ့် အခုလိုဆေးမြစ်မျိုးစုံပါဝင်လာပြီး ဓမ္မတာလာချိန် နာကျင်မှုကို သက်သာစေနိုင်တယ်ဆိုတော့ စားရတာ အရင်ကထက် နှစ်ဆလောက်ပိုကောင်းလာတာပေါ့။ စားသုံး တဲ့ အမျိုးသမီးတွေ အဆင်ပြေတာကိုတွေ့ တော့ ကျွန်တော်တို့ လည်း ထုတ်လုပ်ရတာ ကို ပျော်မွေ့  ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။ ချောကလက်ကိုပေးထားသောအမည် Frauenmond သည် အမျိုးသမီးများ၏လစန္ဒာ ဟု အဓိပ္ပါယ်ရကြောင်း သိရသည် ။

အမျိုးသမီးတွေ ဓမ္မတာလာတဲ့အချိန်ခံစားရတဲ့နာကျင်မှုကိုသက်သာစေတယ်ဆိုလို့  အမျိုးသမီးတွေပဲ စားလို့ ရတာ မဟုတ်ပါဘူး ။ အမျိုးသားတွေလည်း စားလို့ ရပါတယ်။ အမျိုးသားတွေစားလည်း ဦးနှောက်ကျန်းမာရေးကို ပိုပြီး ကောင်းစေနိုင်သလို သက်ကြီးရွယ်အိုပိုင်းမှာ မှတ်ဥာဏ်ပျောက်ဆုံးတာ ကိုလည်း အထိုက်အလျောက် ကာကွယ် ပေးနိုင်ပါတယ်။ ဒီချောကလက်က ဦးနှောက်ထဲက အလုပ် လုပ်တဲ့အပိုင်းတွေမှာ သွေးစီးဆင်းမှုအားကောင်းအောင် ပံ့ပိုးပေးပါတယ်ဟု Widmer က ဆက်လက်ပြောပြသည်။

နို (၁၀) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ