ကိုယ်တိုင်ပုံမှန် စစ်ဆေးသင့်သော စမ်းသပ်မှု (၃) မျိုး


(၁) သငန်ရည်ကျိတ်
လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ တွေမှာ အကျိတ်လုံးလေးတွေရှိမရှိ မကြာခဏစမ်းကြည့်ပါ။ အကျိတ် ဟာ လက်မဝက်ထက်ပိုကြီးနေတာ၊ အကျိတ်ကိုလှုပ်ကြည့်လို့မရဘဲ ကပ် နေတာ၊မာခဲနေတာ၊

အပေါ်ယံအရေ ပြား နီရဲပြီး နာကျင်နေတာတွေရှိနေ လျှင် ဆေးရုံဆေးခန်းမှာ စစ်ဆေးတိုင် ပင်ပါ။
နာကျင်ရောင်ရမ်းနေတဲ့ အကျိတ်တွေဟာ သာမန်အားဖြင့် အန္တရာယ်ကြီးကြီးမားမားမရှိပေမယ့် ရံဖန်ရံခါမှာ လူကီးမီးယားလို သွေး တိုးရောဂါတွေနှင့် ပတ်သက်နေ တတ်ပါတယ်။
(၂) သွားစစ်ဆေးမှု
ရေခဲရေကို ပါးစပ်ထဲမှာ ခဏ ငုံထားပါ။ ထို့နောက်သွားတစ်ချောင်း ချင်းစီကို ဇွန်းထိပ်ကလေးနှင့် ညင် သာစွာတို့ထိကြည့်ပါ။ သွားတစ် ချောင်းချောင်းမှာ သာမန်ထက်ပိုနာ နေပါသလား။ ထိုသွားကို စောင့်

ရှောက်မှုပြုရန် သွားဆရာဝန်နှင့် တိုင်ပင်ပါ။
(၃) မျက်စိစစ်ဆေးမှု
Amsler grid လို့ခေါ်တဲ့ မျက်စိစစ် ဆေးမှု ဇယားချပ်ကို အင်တာနက်မှရ ယူပြီးပရင့်ထုတ်ထားပါ။ စာရွက် အလယ်ခေါင်က အမည်းစက်ကို မျက်လုံး တစ်ဖက်စီမှိတ်ကြည့်ပါ။ ဇယားကွက်မျဉ်းကြောင်းများ ရွဲ့

စောင်းနေပါက ရွဲ့သည့်နေရာကို မှတ်သားပြီး မျက်စိဆရာဝန်ထံပြ သပါ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ