ကျန်းမာစေရန် ရွေးချယ် မှန်ကန် စားသောက်နေထိုင်


မိမိခန္ဓာကိုယ် သိသိသာသာဝိတ်တက်လာခြင်းကြောင့် သွားလာနေထိုင်သည့် အခါများတွင် မပေါ့မပါး လေးလံနေလာမှ သာလျှင် ဝိတ်ချတော့မည် ဝိတ်ချတော့မယ် လို့ အများအားဖြင့် ဆိုကြပါသည် ။ အဲဒီလို မဖြစ်ရအောင် ခန္ဓာကိုယ်အတွက် အပိုဝိတ် မတက်စေနိုင်သည့် ရွေးချယ် စားသောက်နေထိုင်မည် ဆိုလျှင် ဝိတ်ချစရာပင် မလိုအပ်ဘဲ" ကျန်းမာလန်းဆန်း ချိုးစားညီမျှ ခန္ဓာအလှ ” သင်ရရှိနိုင်ပါလိမ့်မည် ။

သင့်အနေဖြင့် ဘယ်လို့ မျိုးနဲ့ ဝိတ်ချပါသလဲလို့ မေးမိသလို ဘယ်လိုစားသောက်ပါသလဲလို့ ပါ ထပ်မံ မေးမြန်ချင်ပါသည် ။ အမေးအတွက် အဖြေအမျိုးမျိုးဖြင့် ဖြင့် ထွက်ပေါ်လာနိုင်ပါသည် ။ အဲလိုအဖြေအမျိုးမျိုးများတွင် ရေရှည်ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း မရှိနိုင်သည့် ဆေးဝါးအကူဖြင့် မိမိ ကိုယ်အလေးချိန်လျှော့ချခြင်းနည်းစနစ် နှင့် အစားအစာ မစားခြင်း စနစ်လည်း ပါပါလိမ့်မည် ။ လွဲမှားနေသော အယူအဆများနှင့် လုပ်ဆောင်နေမိသူများလည်း ရှိနေပါလိမ့်မည် ။ ဆေးဝါးအကူဖြင့် လုပ်ဆောင်နေသည့်အတွက် ရေရှည်တွင် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် တစ်ခြားမလိုလားအပ်သော ဆိုကျိုးများကို ခံစားဖြစ်ပေါ်လာတက်ပါသည်။ လွဲမှားနေသောစနစ်ကို အခြေမခံဘဲ မိမိကျန်းမာရေး အပါအဝင် ကိုယ်အလေးချိန်ပါ လျှော့ချနိုင်သည့် နည်းများစွာထဲ့က လွယ်ကူသလို အဆင်ပြေသည့် ဝိတ်ချနည်းဖြင့် ဝိတ်ချစေချင်သလို နေ့ စဉ်လည်း ပုံမှန်စားသောက်စနစ်မှန်ကန်ပါက ကျန်းမာခြင်း ၊ လန်းဆန်းပေါ့ပါးခြင်းကို ရရှိစေမည် ။

ဦးစွာ မိမိ နေ့ စဉ် စားသုံးနေသည့် အစားအစာများကို အခြေခံ တွက်ချက်မှု့ ဖြင့် ဝိတ်ချတော့မည် အနေဖြင့် တွက်ချက်ရသလို ကိုယ်လက်လှုပ်ရှားခြင်းနှင့်ပါ တွဲပြီး လုပ်ဆောင်ရပါလိမ့်မည် ။ နံနက်စာကို ပုံမှန်စားနေကြအတိုင်း စားလိုက်ပါ ။ ကျန်သည့် အချိန်အတွက် စားသောက်သည့် အစားအစာများကိုတော့ သုံးပုံ တစ်ပုံကို လျှော့ချပြီး စားသောက်ခြင်းကို သင့်အနေဖြင့် ထိန်းသိမ်းပြီး စားပေးရပါလိမ့်မည် ။ မိမိ စားသောက်သည့် အချိန်တိုင်းတွင် တစ်ထိုင်တည်း တစ်ချိန်တည်း ဝဝလင်လင် စားသောက်ခြင်း  ကို ရှောင်ရှားပါ ။ စားသောက်ပြီးသည့်နှင့် ထိုင်နေခြင်း ၊ အိပ်စက်အနားယူခြင်းကို လုံးဝ မလုပ်ဆောင်သင့်ပါ ။

နည်းလမ်းကျ သင့်အနေဖြင့် စတင်သည့် အချိန်မှ စပြီး မှတ်သားထားလိုက်ပါ ။ ဝိတ်တက်နေသူအနေဖြင့် တစ်လအတွင်း ဆက်လက်ဝိတ်တက် လာခြင်းကို သိသိသာသာထိန်းသိမ်းနိုင်ပြီး ကျန်းမာရေး အတွက်ပါ ကောင်းမွန်စွာဖြင့် ပိုနေသောအဆီများနှင့် တက်နေသောကိုယ်အလေးအချိန်ပါ တဖြေးဖြေး စတင်လျှော့နည်းလာတာကို သင့်ကိုယ်တိုင် စတင်ခံစားသိသာလာပါလိမ့်မည် ။

ကိုယ်လက်လှုပ်ရှားစနစ်ကတော့ တစ်နေ့ ကို သင့်အနေဖြင့် လမ်းလျှောက်ခြင်း ၊ အိမ်တွင်း ထိုင်ထ အကြောလျော့ခြင်း ၊ စက်ဘီးစီးခြင်း ၊ ရေကူးခြင်း နှင့် မိမိနှင့်သင့်တင့်သော ကိုယ်လက်လှုပ်ရှားခြင်းကို ကစားပေးပါ လုပ်ဆောင်ပါ ။ အချိန်ကြာမြင့်စွာ လုပ်ဆောင်ရန် မလိုအပ်ဘဲ မိနစ်သုံးဆယ်ခန့်  ပုံမှန်လေးသာလုပ်ဆောင်သွားလိုက်ပါ ။ ဆန္ဒလွန်ကဲပြီး ပြင်းထန်စွာ လုပ်ဆောင်ရန်လည်း မလိုအပ်ပါ ။ မိမိကစားခြင်းကြောင့် ဆုံးရှုံးသွားသော ရေဓာတ်များကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် ရေသောက်ခြင်း နည်းပါးမှု့ မဖြစ်စေရန် သတိထားပေရန်လည်း လိုအပ်ပါသည် ။ ဒါမှသာ အသားရည် ဆိုပြေခြင်း ၊ လန်းဆန်းခြင်း ပေါ့ပါးခြင်းနှင့်ကိုယ်တွင်းအင်္ဂါများအတွက်ပါ အထူးအကျိုးများပါသည် ။

အစားသောက် မစားခင် ရေကိုဦးစွာသောက်ပေးပါ ။ သောက်ပြီးမှ အစားသောက်စားပါ ။ ကျန် အချိန်များတွင်ကို ရေသောက်ခြင်း နည်းသည့် အလေ့အထကို ရှောင်ပါ ။ အစားသောက်များ စားပြီးသည့်အခါတိုင်းတွင် အေးနေသော ရေများ သောက်သုံးခြင်းကို ရှောင်ရှားစေလိုပါသည် ။ စားသောက်ခြင်းအတွက် ထိန်းသိမ်းနည်းသိရှိပြီးလို့  ဘယ်လို အစားအစာတွေကို ပိုမို စားသင့်သလဲ ဆိုရလျှင် ကယ်လိုရီလောင်ကျွမ်းမှု့ နှေးကွေးစေသော အဆီများသော အစားအသောက် ၊ အသားများကို ရှောင်ပါ ။

အသီးအရွက်များကို ပိုမိုစားသောက်ပါ ။ အသီးအနှံ အရွက်များကို ကြော်စားသည့် အခါ ဆီအနည်းငယ်သာ ထည့်ပြီး ကြော်စားပါ ။

ပိုမိုပါဝင်စားသောက်သင့်သည့်မှာ ငါး ၊ ကြက်သား ၊ အမဲ ၊ ကုလားပဲ ၊ ပဲနီ ၊ ပဲပင်ပေါက် ၊ ကန်စွန်းရွက် ၊ သံပုရာ ၊ ရှောက် ၊ခရမ်းချဉ်သီး ၊ ခါကြက်ဥ ၊ ပန်းမုံလာ ၊ ငရုတ် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ သခွား ၊ မြင်းခွာရွက် ၊ အာလူး ၊ ကြက်ဥ နှင့် ပဲပြား တို့ ဖြစ်ပါသည် ။
အပုတ်ခံထားသော အစားအစာများ ၊ အဆီအဆိမ့်များသော အစားအစာ မုန့် ပဲသရေစာများ နှင့် အငန်ဓာတ်များသော အစားအစာမျာကို ရှောင်ရှားပေးပါ ။

သစ်သီးများအနေဖြင့် ထောပတ်သီး ၊ ပန်းသီး ၊ စတော်ဘယ်ရီ ၊ လိမ္မော်သီး ၊ သင်္ဘောသီး ၊ ဌက်ပျောသီး ၊ နာနတ်သီး ၊ ဘလူးဘယ်ရီ နှင့် သလဲသီး များကို တပတ်ကို နှစ်ကြိမ်ခန့်  စားပေးခြင်း ဖျော်ရည် အဖြစ် သောက်သုံးခြင်းတို့ လုပ်ဆောင်နိုင်ပါသည် ။ တစ်ခြား ဗီတာမင်စီကြွယ်ဝသောအသီးတို့ လည်း စားသုံးသင့်ပါသည် ။

အမျိုးသမီးများတွင် အဖြစ်များသော အရိုးပွရောဂါတွက်ကာကွယ်ရန် နှင့် အသည်း ပါ အားကောင်းစေ သည့် နွားနို့  ၊ ပဲနို့ တို့ လည်း သောက်သုံးပေးပါ ။ သကြားဓာတ်လွန်ကဲနေသော အချိုရည် သောက်သုံးခြင်း ကို လျှော့ချပါ ။

ဝတိုင်းလည်း ကျန်းမာရေးအတွက် မကောင်းနိုင်ဘူးလို့ ပြောမရပေမဲ့ ပိန်ပါးခြင်းသည်လည်း ကျန်းမာရေးကောင်းမွန် တယ်လို့  မဆိုနိုင်ပါ ။ ပြောမရခြင်း မဆိုနိုင်ခြင်း နှင့်အတူ ဝိတ်ချတော့မယ် ဝိတ်ချတော့မည်လို့  မဆိုဘဲ “ ကျန်းမာစေရန် ရွေးချယ် မှန်ကန် စားသောက်နေထိုင်” ပါ ဟု ဆိုချင်ပါသည် ။


Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ