သိထားခြင်းဖြင့် ကျန်းမာစေရန်


ငယ်စဉ်အရွယ်မှာ မိမိကျန်းမာရေးဆိုင်အတွက် သတိမထားမိပေမဲ့ အသက်ကလေးရလာ လူလတ်ပိုင်းအရွယ်ရောက်လာရင်ဖြင့် သတိထားလာမိကြပါလိမ့်မည် ။ အမျိုးသားများအနေဖြင့် နှလုံးရောဂါပိုင်းဆိုင် ပိုမို အဖြစ်များတက်ပါတယ် ။

အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီးအရွယ်ဖြစ်ရင် သွေးဆုံးကိုင်တဲ့ ဝေဒနာ ခံစားလာရတက်ပါသည် ။ ခါးကိုက်ဗိုက်နာခြင်း ၊ အိမ်ထောင်စိတ်ဆန္ဒနည်းပါးလာခြင်း ၊ ဓမ္မတာမမှန်ခြင်း ၊ ချွေးထွက်လွယ်ခြင်း နှင့် တစ်ခါတစ်ရံ ကိုယ်ပူလာခြင်း ၊ ခေါင်းကိုက်တက်ခြင်း ၊ စိုးရိမ်ပူပန်ခြင်း အပြင် ခြေလက် ထုံကျင်ခြင်းများ ဖြစ်တက်ပါသည် ။

ကိုယ်အလေးချိန်အတွက် အမျိုးသားများအနေဖြင့် မသိသာပေမဲ့ အိမ်ထောင်ရှင်အမျိုးသမီးများ အနေဖြင့် ပိုမို သတိထားမိ ကြပါတယ် ဘာကြောင့် သတိထားမိသလဲဆိုရရင် အသက်အရွယ်ကြီးလာသည့်အခါ အမျိုးသမီးများအနေဖြင့် အဆီစု ဝဖြိုးလာပြီး ကိုယ်အလေးချိန်တိုးလာနေမှု့ ကြောင့်ပါဘဲ ။
အမျိုးသမီးများအနေဖြင့် အသက်အရွယ်အရ သွေးဆုံးပြီးသည့်အခါ အမျိုးသမီးများတွင် အီစထရို ဂျင်ဟော်မုန်း နည်းပါးလာသည့်အတွက်ကြောင့် အဆီပိုမိုစုစည်း ဝဖြိုးလာတက်ခြင်း ဖြစ်တက်ပါသည် ။ ပိုမို စုစည်းမိသည့်နေရာကတော့ ဝမ်းဗိုက်ပိုင်း စုစည်းလေ့ရှိပါသည် ။ ဖြစ်ပေါ်တက်သည့် အဆီစုလာခြင်းကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း ၊ အဆီများသော အစာအစားများ လုံးဝ လျှော့ပေးစားသုံးခြင်း နှင့် အသီးအနှံ အသီးအရွက် ပိုမိုစားသောက်ပေးခြင်းဖြင့် ထိန်းသိမ်းနိုင်ပြီး မိမိကျန်းမာရေးအတွက် ပိုမိုကောင်းမွန် လာစေသလို သွေးတိုးဝေဒနာ ၊ ဆီးချိုရောဂါ ၊ ကင်ဆာရောဂါ နှင့် လေဖြတ်ခြင်းတို့ ကို ကြိုတင်ကာကွယ်ခြင်း အတွက်ပါ ထိရောက်စေပါသည် ။

တစ်ချို့ ကတော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို လုပ်ပေမဲ့ စားသောက်ခြင်းအတွက်ကျတော့ ထိန်းသိမ်းနိုင်ခြင်း မရှိဘဲ မဆင်မခြင် စားသောက်တက်ကြပါတယ် ။ အဲလိုအစားအသောက်များကို ဆင်ဆင်ခြင်ခြင် မစားသောက်ပါက လေ့ကျင့်ခန်းများလုပ်ပေမဲ့ အကျိုးမရှိနိုင်ပါဘူး ။ လေ့ကျင့်ခန်းလည်း လုပ်ပါ စားသောက်ခြင်းကို ထိန်းသိမ်းစားသောက်ပါက အသက်အရွယ် ဆိုတာ ပြောစရာမလိုဘဲ ကျန်းမာရွင်လန်း ကိုယ်စိတ် ချမ်းသာများ သင်ရရှိနေပါလိမ့်မည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ