ညီညွတ်ခြင်းဖြင့် အသက်ရှည်ရှည် ခင်ခင်မင်မင်
နေ့ စဉ်နေ့ တိုင်း ထမင်းအပါအဝင် အစားအစာမျိုးစုံ စားသောက်ကြရပါသည် ။ မိမိ စားသုံးသည့် အစားအစာများကြောင့် တစ်ချို့မှာအလွန်အမင် ရောနှောစားသောက်တက်ကြသည့် အလေ့အထကြောင့် အစာမကျေခြင်းခံစားသောက digestive distress ကျန်းမာရေးအားနည်းချက် ဖြစ်ပေါ်စေတက်တာကို သတိမပြု့ မိသလို့  တစ်ချို့ တွေမှာ ခန္ဓာကိုယ်အတွက် အဆီတိုး ဗိုက်ပူ ဝဖြိုး ကိုယ်အလေးချိန်တိုးကာ ဖြစ်ပေါ်လာတက်ကြပါသည် ။ နေ့ တိုင်း မိမိ ခန္ဓာကိုယ်အတွက် လိုအပ်သော အဟာရ ဗီတာမင်များ အပါ စားသုံးရပေမဲ့ အလွန်မဖြစ် ကျန်းမာသိမြင် အနေဖြင့် စားသောက်မည်ဆိုပါက ကိုယ်ကျန်းမာ အဟာရမပျက် ဗိုက်မထွက် အဆီမတက် ကောင်းမွန်စွာ စားသုံးတက်နိုင်စေရန်အတွက်ဖြစ်ပါသည် ။
မိမိတို့ သည် အဓိက အစားအစာအဖြစ် ဆန်ထမင်းကိုအဓိက ထားပြီး စားသုံးကြပါသည် ။ မနက်စာအတွက် ထမင်းအပါ ဝလင်စွာ စားသုံးသင့်ပြီး ညစာအဖြစ် စားသုံးသင့်အခါ မနက်စာ စားနေကြသည့် အတိုင်း သုံးပုံ တစ်ပုံအဖြစ်သာ စားသုံးသင့်ပါသည် ။ မနက်စာအတွက် စားသုံးသင့်သည်မှာ မိမိခန္ဓာကိုယ်လှုပ်ရှားသွားလာနေမှု့ ဇီဝကမ္မဖြစ်စဉ်အတွက် အားအင်ဖြစ် တိုးပွားစေပြီး လှုပ်ရှားခြင်းကြောင့် စားသုံးသင့်ပါသည် ။ နံနက်စာ စားပြီးပါက ပန်းသီးကို မနက်ပိုင်းတွင် စားပေးသင့်ပါသည် ။
နေ့ ခင်းပိုင်းအချိန်တို့ တွင် နံနက်စာ အပါ နေ့ လည်စာအဖြစ် စားသုံးသည့် အစားအစာများကို အစာချေမှု့ ပို မို ကောင်းမွန်စေသည့် အပြင် အရိုးမာခြင်း အဟာရပါဖြစ်စေသည့် ဒိန်ချဉ်ကို စားပေးသင့်ပါသည် ။ အသီးတစ်ခုအနေဖြင့် စားသုံးမည် ဆိုပါက ဌက်ပျော်သီးကို စားသုံးပါ ။
အဆီမတိုး အိုမင်းမှု့ ပါ လျော့နည်းစေသည့် အိုမိဂါ၃ ဖြစ်သော သစ်ကြားသီးကို မကြာ မကြာ စားသင့်ပါသည် ။ ကင်ဆာရောဂါဖြစ်ပွားမှု့ ကို ကာကွယ်ရာလည်း ရောက်ပါသည် ။
ဗီတာမင် စီများသော အသီး နှင့် ဖျော်ရည်များသောက်သုံးခြင်းသည် ကိုယ်ခံအားကောင်းမွန်စေခြင်း ဖျားနာမှု့ကို ကင်းဝေးစေပါသည် ။
ညစာအဖြစ် အလွန်အမင်စားသုံးခြင်းကို လျော့ချပြီး စားသုံးသင့်ပါသည် ။ ညအချိန် သွားလာ လှုပ်ရှားနည်းပါးခြင်းကြောင့် အစာချေဖို့  အခက်အခဲ ဖြစ်တက်ပြီး စားသုံးသည်ထက် ပိုမို စားခြင်းကြောင့် အဆီအက်ဆက်အဖြစ် ပြောင်းလဲပြီး မိမိခန္ဓာကိုယ်အလေးချိန်တိုးကာ ဝစေတက်ပါသည် ။
ညပိုင်းအချိန်တွင် နွားနို့  တစ်ခွက် သောက်ခြင်းသည် ကောင်းမွန်စွာ အိပ်စက်နိုင်စေသည့် အပြင် အသားအရေကျစ်လစ်လှပစေချင်ကို များစွာ အထောက်အကူပြု့ သလို အရိုးသန်မာခြင်း အတွက် လည်း ကောင်းမွန်ပါသည် ။
အစားအစာများတွင် ဆီ ၊ အငံ ၊ အစပ် နှင့် ဟင်းချိုမှုန့် များကို လျော့ခါ စားသုံးသင့်သည်ကို အထူးသတိချပ်စေချင်ပါသည် ။
စားသောက်ပြီးသည့်နှင့် အေးနေသောအချိုရည်များနှင့် ရေအေးများ သောက်သုံးခြင်း အလေ့ အထကို ရှောင်ရှားပေးခြင်းဖြင့် . . .
အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin