သင့်လက်သည်း ထိခိုက်ပွန်းပဲ့ အက်ကွဲခြင်းကို ကာကွယ်ရန်


• ချွန်ထက်ပြီး လေးလံတဲ့အရာတွေကို ကိုင်တွယ်ရမယ်ဆိုရင် လက်အိတ်ဝတ်ပါ။

• လက်သည်းကို အတိုထားတာက ထိခိုက်ပွန်းပဲ့နိုင်ခြေ နည်းစေပါတယ်။

• လက်သည်းနီဆိုးတာကို တတ်နိုင်သမျှလျှော့ပါ။

• အဝတ်လျှော်တဲ့အခါနဲ့ ပန်းကန်ဆေးတဲ့အခါတွေမှာ လက်အိတ်ဝတ်ပြီးလုပ်ပါ။ ဆပ်ပြာမှာပါတဲ့ ဓာတုပစ္စည်းတွေက လက်သည်းကို အားပျော့သွားစေပြီး ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတာကြောင့်ပါ။

• အိမ်သာဆေးတဲ့ ချွတ်ဆေးမှုန့် ဒါမှမဟုတ် အက်စစ်တွေကို အသုံးပြုတဲ့အခါ လက်သည်းကို စားသွားစေနိုင်တဲ့အတွက် သတိပြုကိုင်တွယ်ပါ။

• ပုလင်းအဖုံးကို ဖွင့်ဖို့အတွက် လက်သည်းကို အသုံးမပြုပါနဲ့။

• လက်သည်းတွေ ခြောက်သွေ့ကြွပ်ဆတ်မှုမှ ကာကွယ်ဖို့အတွက် လက်သည်းလိမ်းခရင်မ် (Nail cream) တွေလိမ်းပါ။ မရှိရင် ရိုးရိုး Body Lotion ကို လိမ်းနိုင်ပါတယ်။

• လက်သည်းဖျက်ဆေးကို တစ်လမှာ နှစ်ကြိမ်ထက် ပိုအသုံးမပြုပါနဲ့။ လက်သည်းဖျက်ဆေးမှာပါတဲ့ အယ်လ်ကိုဟောက လက်သည်းကို စားသွားပြီး လက်သည်းကွဲအက်တာကို ဖြစ်စေနိုင်ပါတယ်။

• သင့်လက်တွေကို ကောင်းကောင်းဂရုစိုက် ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုရင် လက်သည်း ကွဲအက်နိုင်ခြေလည်း နည်းသွားပါလိမ့်မယ်။


Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ