ယမကာက လူသားတွေကို ပျော်ရွင်စေပါသလား


ယမကာဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအပေါ် သက်ရောက် မှုတွေ၊ အကောင်းအဆိုးတွေရှိတယ် ဆိုတာမငြင်းနိုင်ပါဘူး။ ဒါ့အပြင် စိတ်ခံစားမှု မတူညီခြင်းတွေကိုလည်း ယမကာသောက်သုံးသူ အမျိုးသား၊ အမျိုးသမီးတွေဟာ ကွဲပြားစွာကြုံ တွေ့ရနိုင်ပါတယ်။

ဒီလေ့လာမှုမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေယမကာမှီဝဲပြီး နောက်တစ် နေ့မှာ ဘယ်လိုကွဲပြားစွာ ခံစားရသလဲဆိုတာ လေ့လာနိုင်ခဲ့ပါ တယ်။ အမျိုးသားတွေအတွက်ဆိုရင် ယမကာသောက် သုံးပြီး နောက်တစ် နေ့မှာ အများအားဖြင့် စိတ်တိုနေ တတ်ပါတယ်။ပျော်ရွှင်မှု၊ဒါမှမဟုတ် ဝမ်းနည်းမှုတစ်စုံတစ်ရာတော့ မကြုံ တွေ့ရဘူးလို့ ဆိုပါတယ်။

Vermont တက္ကသိုလ်မှ သုတေ သီ Dr.Valerie S Harder က' 'လူ တွေဟာ သူတို့ရဲ့ စိတ်ခံစားမှုကို ပိုပြီးမြှင့်တင်ချင်လို့ ယမကာကို မှီဝဲ ကြပါတယ် ။ ဒါပေမယ့် အဲဒါဖြစ်မလာ ဘူးဆိုတာကို မိမိတို့ တွေ့ရှိခဲ့ပါတယ်' ' လို့ ပြောကြားထားပါတယ် ။ လေ့လာ မှုမှာ ပါဝင်သူတွေရဲ့ စိတ်ခံစားမှုကို သုံးသပ်ခဲ့ပါတယ်။ ယမကာမှီဝဲပြီး နောက်နေ့မှာ စိတ်တိုခြင်း၊ ဝမ်းနည်း ခြင်း ဒါမှ မဟုတ် ပျော်ရွှင်ခြင်းတစ်ခုခု ကို ခံစားရမှုရှိမရှိကို လေ့လာခဲ့ရာမှာ တွေ့ရှိလာရတာကတော့ အမျိုးသား တွေကော အမျိုးသမီးတွေကောမ ပျော်ရွှင်နိုင်ခြင်းပဲဖြစ်ပါတယ်။

 အထူးသဖြင့် အမျိုးသမီးတွေမှာ ပျော်ရွှင်မှုပိုနည်းပါးတယ်လို့ Dr. Harder က ပြောကြားထားပါတယ်။
လေ့လာမှုနောက်ပိုင်းမှာတော့ ပါဝင်သူတွေဟာ ယမကာလျော့ချတဲ့ alcohol treatment program တွေ မှာပါဝင်ခဲ့ကြပါတယ်။ပါဝင်သူအား လုံးကို ယမကာသောက်သုံးပြီး စိတ်ခံ စားမှု၊ စိတ်ဖိစီးမှုရှိ မရှိနဲ့ သောက်သုံးမှု လျော့ကျလာမလာကို ခြောက်လကြာ သတင်းပို့စနစ်ကို အသုံးပြုလေ့လာ ခဲ့ပါတယ်။ ပါဝင်သူတွေဟာ အသက် ၂၁နှစ်ကနေ၈၄နှစ်အထိ ရှိပါတယ်။
စိတ်ဖိစီးမှုကြုံလာတဲ့ ယမကာ မှီဝဲသူတွေဟာ သောက်သုံးမှုပမာဏ ကို လျှော့ချလာတယ်လို့ အခုလေ့ လာမှုမှာ ဖော်ပြထားပါတယ်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ