စိတ်ကျရောဂါ အကြောင်း သိကောင်းစရာ


လူတယောက်မှာ ဖြစ်နေသည်ရောဂါများတွင် စိတ်ကျရောဂါဖြစ်ခဲ့ရင် ဆရာဝန်တယေက်တည်း နဲ့ ကုသခြင်းထက် အသိုင်းအဝန်းများလည်း လိုအပ်ပါသည် စိတ်ကျရောဂါဖြစ်နေသည့်သူသည် စိတ်ဓါတ် ညှိုးငယ် သေးသိမ်ဝမ်းနည်းနေပါမယ် သူုသည် အရာရာကို မျှော်လင့်ချက်မရှိ အနာဂတ် ဆိုတာလည်း ဝေး ဘာကိုမျှပိုင်ဆိုင်ခံစားလို့ စိတ်များမရှိနိုင်တော့ပါဘူး လောကတွင် မိမိသည် အလကားလူ လူုပို လူအ လို့ သဘောထား လာမယ် သူ့ ကိုယ်သူလည်း တန်းဖိုးမရှိတော့ဘူး အသုံးလည်း မကျတော့လို့  မြင်လာ ပါတယ် ဘယ်သူနဲ့ မှလည်း ပေါင်းသင်းဆက်ဆံလိုစိတ်မရှိ မိသားစု ရှိရင်လည်း နေထိုင်လိုစိတ်တွေ မရှိနိုင်ခြင်းများဖြစ်ပေါ်ခြင်းကြောင့် သူသည် အိပ်မပျော်သောညတွေများလာမယ် အစားအသောက်တွေ လည်း ပျက်လာမယ် ကြာလာရင် စိတ်ဓါတ်ကျခြင်း ပြင်းထန်လာ ခြင်းကြောင့် သေသွားလည်း ကောင်း တယ် ဆိုပြီး ကိုယ့်ကိုယ်ကသေကြောင်းကြံစည်မှုတွေပြုလုပ်လာနိုင်သည် ၊

ဘယ်လို လူတွေအဖြစ်များလည်းဆိုရရင် အမျိုးသမီးတွေက အမျိုးသားများထက် ၂ ဆ ပိုဖြစ်ကြပါသည် အမျိုးသမီးတွေဘာကြောင့်ပိုဖြစ်ရလာလည်းဆိုရင် ယေဘုယျအားဖြင့် ပြောရရင် စိတ်ဓါတ်ပျော့ညုံ ပိုခြင်းကြောင့်ဖြစ်ပါသည် ။ လူဦးနှောက် ဓါတုဗေဒဖွဲ့ စည်းပုံ မူမမှန်ခြင်း ၊ မျိုးရိုးလိုက်တတ် လို့ ဖြစ်နိုင်ခြင်း နှင့် စိတ်ဖိစီးမှု့ များ အရမ်းများလာပါက စိတ်ကျရောဂါဖြစ်နိုင်ပါသည် ။

လူတယောက်သည် စိတ်ကျရောဂါဖြစ်လာပြီဆိုရင် စိတ်ကျန်းမာရေးအထူးကု ဆ၇ာဝန်နဲ့ ပြသပြီး လူနာအတွက် စိတ်ငြိမ်ဆေး ၊ စိတ်ကျရောဂါ ပျောက်ဆေးတွေပေးရပါတယ် စိတ်ကျရောဂါလူနာသည် သူကိုယ့်သူ သတ်သေချင်စိတ်တွေဖြစ်ပေါ်လာပြီဆိုရင်တော့ အရေးပေါ်ဆေးကုသမှု့  ပြုလုပ်ပေးရန် လိုအပ်ပါသည် ယခုခေတ်တွင် ခေတ်မှီဆေးဝါးများစွာပေါပေါက်လာအတွက် ကုသမှုစနစ်တွေမှာ ထိရောက်လာပါတယ် ကာယကံရှင် လူနာအတွက်လည်း သိပ်ပြီးတော့ မခံစားရတော့ပါဘူး။

စိတ်ကျရောဂါဖြစ်လာရင် အလျှင်အမြန်အချိန်မစောင့်ဆိုင်းဘဲ စောစီးစွာ စိတ်ရောဂါအထူးကု ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသပါက မြန်မြန်ပျောက်ပါတယ်။ ရောဂါဖြစ်တာ နည်းနည်းကြာ သွားရင် ကုသရဖို့  ခက်တတ်ပါတယ်။ အချို့လူနာတွေဟာ ကုသလိုက်သောလည်း မကြာခဏ ရောဂါ ပြန်ပြီးဖြစ်တတ်ပါတယ်။

အထွေထွေရောဂါကု ဆရာဝန်များရော၊ အခြား ဆရာဝန်များပါသိသင့်တာက သူတို့ဆီလာတဲ့လူနာ အတော်များများဟာ သာမန်ဖြစ်ပေါ်နေတတ်သော ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာဖြစ်သော စိတ်ကျရောဂါခံစားနေရတဲ့ ဝေဒနာတွေဖြစ်နိုင်ပါတယ်။

မိသားစု အနေနဲ့ကလည်း လုပ်ချင်ကိုင်ချင်စိတ် မရှိတာကို ပျင်းတယ်လို့ ယူဆပြီး ဇွတ်အတင်း တွန်းအားပေးပြီး ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ သူစိတ်ကိုလည်းအနည်းကျဉ်းတော့ သိအောင်လုပ်ထားပါ အတင်းအကျပ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက်များကို သတိထား လုပ်ခိုင်းသင့်ပါသည် ။

စိတ်ကျရောဂါဖြစ်စေနိုင်ခြင်း အစပိုင်းမှာ အိပ် မပျော်တော့ဘူး၊ အစားအသောက်လည်းကောင်းကောင်း မစားတော့ဘူး။ပုံမုန်လုပ်ကိုင်နေကြ လုပ်ငန်းတွေလည်း မသိ မဆိုင်သလို နေလာကြမယ် ကိုယ့်ကိုယ် ကို သေကြောင်းကြံတာမျိုးတွေ ပြုလုပ်လာပြီဆိုရင် အရေးကြီးတဲ့အခြေအနေဖြစ်လာခဲ့ပြီးမို့  စိတ်ရောဂါ အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပြု အသိပေးအပ်ပါသည်


Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ