မိမိလက်တွဲဖော်နဲ့ ထိုးသွင်းလိင်ဆက်ဆံတာမျိုးမဟုတ်ဘဲ ထိရုံလောက်ဆက်ဆံရုံနဲ့ ကိုယ်ဝန်ရနိုင်လား


ဒါကို ဖြေရမယ်ဆိုရင်တော့ ရနိုင်ပါတယ် ။ တစ်ခါတစ်ရံမှာ ရှေးဦးထွက်တဲ့ အရည်ကြည်တွေမှာ အဖိုသုတ်ကောင်လေးတွေ ပါနေနိုင်ပါတယ် ။ ဒါကြောင့် မိမိလက်တွဲဖော်နဲ့ ထိုးသွင်း ဆက်ဆံမှုမျိုး မဟုတ်ဘဲ ဆက်ဆံခဲ့ဖူးမယ် ၊ လက်တွဲဖော်ကလည်း အပြင်မှာဘဲ ဆက်ဆံတာကို ပြီးလိုက် တာမျိုးလုပ်ရင်လည်း ဂရုစိုက်သင့်ပါတယ် ။

အထူးသဖြင့် ရာသီမလာတဲ့ အခြေအနေမျိုး ရှိတယ် ၊ ရာသီပုံမှန်လာရမှာထက် ကျော်နေရင်တော့ ကိုယ်ဝန်ရှိနေနိုင်တဲ့အတွက် တတ်ကျွမ်းသူနဲ့ အမြန်ဆုံး ပြသင့်တယ်လို့ အကြံပြုချင်ပါတယ် ။
ဒီလို အပြုအမှုတွေ ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေဟာ ကိုယ်ဝန်သာမက လိင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ရရှိနိုင်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံတာမျိုး မလုပ်စေချင်ပါဘူး ။ ဒါမှ မဟုတ်လဲ Condom ကို အသုံးပြုပါလို့ အကြံပြုချင်ပါတယ် ။ Condom အသုံးပြုခြင်းဟာ ကိုယ်ဝန်ကိုသာမက လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း အကာအကွယ်နိုင်တဲ့အတွက် မိမိကျန်းမာရေးအတွက် အသုံးပြုဖို့ တိုက်တွန်းပါရစေ ။

ဒေါက်တာထက်အောင်
အထွေထွေရောဂါကု ဆရာဝန်
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ