မီးယပ်သွေးဆုံးဝေဒနာ သက်သာစေရန် အသက်ပြင်းပြရှူပါ


အသက်ကို ဝမ်းဗိုက်ဖောင်းတဲ့အထိ တဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှူသွင်း တာဟာ အမျိုးသမီးတွေမှာ သွေးဆုံးချိန် ခံစားရတတ်တဲ့ ပူစပ်ပူလောင်ဖြစ်တာကို တစ်ဝက်သက်သာစေလို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒီလို သွေးဆုံးချိန် ပူစပ် ပူလောင် ခံစားရတာဟာ မဟော်မုန်း အီစထရိုဂျင်တွေ လျော့နည်းသွား တာကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် စိတ်ဖိစီးမှုဟာလည်း အခန်းကဏ္ဍတစ်ရပ်က ပါဝင်တယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။

စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ရဲ့ တိုက်ခိုက်တဲ့ ဒါမှမဟုတ်ထွက်ပြေးတဲ့ တုံ့ပြန်မှုတွေကို ဖြစ်စေတဲ့ အာရုံကြောစနစ်(Sympathetic Nevous System) ကိုလှုံ့ဆော် ပေးတာ ကြောင့်ပါ။

အသက်ပြင်းပြင်းရှူသွင်းတာကတော့ ခန္ဓာကိုယ်ရဲ့ ဖြေလျှော့တဲ့တုံ့ပြန်မှုကို ဖြစ်စေတဲ့ အာရုံကြောစနစ် (Parasympathetic Nervous System) ကို တွန်းအား ပေးပါတယ်။

ဒါကြောင့် နှလုံးခုန်နှုန်းကို နှေးစေတယ်။ သွေးဖိအားကို လျော့ကျစေတယ်။ ကြွက်သား တွေကို ပြေလျော့စေပါတယ်။ သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံမှာထိုင်ပြီး အသက် ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ပါ။ နှာခေါင်းကနေ အသက်ပြင်းပြင်းရှူသွင်းပြီး ပါးစပ်ကနေ ပြန်ထုတ်ပါ။ ပြင်ပအနှောက်အယှက် မရှိအောင် မျက်စိတွေကို မှိတ်ထားပါ။

အသက်ပြင်းပြင်းရှူတဲ့အခါ သင့်ဝမ်းဗိုက်တွေ ဖောင်းလာပြီး ပြန်ထုတ်လိုက်တဲ့အခါ လျော့သွားပါလိမ့်မယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ