သွေးဆုံးပြီးအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဘ၀အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်


သွေးမဆုံးမီ ၆လခန့်အလိုတွင် ခန္ဓာကိုယ်တွင်းမှ အီစထရိုဂျင် ပမာဏ သိသာစွာလျော့ကျသွားပြီး ၊ ယင်းအတွက် အသိသာဆုံးသော မွေးလမ်းကြောင်းဆိုင်ရာပြဿနာ များမှာ မွေးလမ်းကြောင်း တလျှောက် ခြောက်သွေ့ယားယံခြင်း ၊ ဆီးသွား လျှင် နာကျင်ခြင်း ၊ မွေးလမ်းကြောင်း မှ သဘာဝ မဟုတ်သော အရည် အချို့ဆင်းခြင်းတို့ ဖြစ်သည် ။ ယင်း လက္ခဏာများမှာ မိန်းမကိုယ်နံရံများ ပါးလာခြင်း တို့ကြောင့်ဖြစ်ပြီး၊ မိန်းမ ကိုယ်နံရံများကလည်း အီစထရိုဂျင် နည်းလာ၍ ပါးလာရခြင်းဖြစ်သည် ။

 လေ့လာမှုအသစ်တစ်ခုအရ သွေးဆုံး ပြီးအမျိုးသမီးများတွင် မိန်းမကိုယ် များခြောက်သွေ့ယားယံခြင်းနှင့် လိင် ဆက်ဆံစဉ် နာကျင်ခြင်းတို့အတွက် မိန်းမကိုယ်တွင်းထည့် အီစထရိုဂျင် အတောင့် အသုံးပြုခြင်းက ဟော်မုန်း ကုထုံးသုံးသူတွင်ရော ၊ မသုံးသူတွင်ပါ သုံးနိုင်ကြောင်း တွေ့ရှိခဲ့သည် ။ တွေ့ ရှိချက်များအရ သွေးဆုံးပြီး အမျိုး သမီးများတွင် ဟော်မုန်းကုထုံးမသုံး သော်လည်း မိန်းမကိုယ်တွင်းထည့် အီစထရိုဂျင်အတောင့်သုံးသည့်သူ များက ဟော်မုန်းကုထုံးသာသုံးသူ များထက် လိင်ဆက်ဆံသည့်ဘ၀ အရည်အသွေး ပိုမိုကောင်းမွန် ကြောင်းတွေ့ရသည် ။ ယခုတွေ့ရှိ မှုအား The North American Menopause Society ဂျာနယ်၌ ဖော်ပြခဲ့သည် ။

အ၀င်း
Health Updates Jurnal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ