သန္ဓေအောင်ပြီး ကလေးရရှိစေရန်


အိမ်ထောင်ရှင် ဇနီးမောင်နှံနှစ်ဦးဟာ သန္ဓေတားနည်းလုံးဝ မသုံးဘဲ ပုံမှန်ဖိုမကိစ္စရှိပေမယ့် တစ်နှစ်ကြာတဲ့ အထိ ကလေးမရရှိတာကို သန္ဓေမအောင်ဘူးလို့ ခေါ်ကြပါတယ်။

လေ့လာမှုတွေအရ အိမ်ထောင်ရှင် ဇနီးမောင်နှံ ၁၀ ရာခိုင်နှုန်းဟာ သန္ဓေမအောင်ခြင်းဖြစ်တတ်ကြောင်း သိရပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲတွေအနေနဲ့ သန္ဓေအောင်မြင်ဖို့ရာ သိထားသင့်တဲ့ အခြေခံအချက်တွေဖြစ်ပါတယ် ။

မမျိုးဥကြွေခြင်း
ပုံမှန်ရာသီစက်ဝန်း ၂၈ ရက်တစ်ကြိမ်မှာ ရာသီပေါ်ပါက ၁၄ ရက်မြောက်နေ့မှာ အမျိုးသမီးရဲ့ မမျိုးဥအိမ်ကနေ မမျိုးဥကြွေတတ်ပါတယ်။ မမျိုးဥဟာ မျိုးမအောင်ခဲ့ရင် ၁၂-၁၆ ရက်ကြာတဲ့အခါ ရာသီသွေး ဆင်းတတ်ပါတယ်။ တကယ်လို့ အမျိုးသမီးမှာ မမျိုးဥကြွေခြင်းဆိုင်ရာ ပြဿနာရှိနေရင်လည်း ကလေးရဖို့ မလွယ်ပါဘူး။

အဝလွန်ခြင်း
အမျိုးသမီးတွေအနေနဲ့ ပုံမှန်ကိုယ်အလေးချိန်ထက်များနေရင် ဒါမှမဟုတ်နည်းနေရင် ကိုယ်ဝန်ရရှိနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ အမျိုးသမီးတွေကို လေ့လာမှုအရ ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI) ပုံမှန်ရှိသူတွေထက် ကိုယ်ဝန်ရဖို့ နှစ်ဆကျော် အချိန်ယူရကြောင်း သိရပါတယ်။

အသက်ကြီးခြင်း
အမျိုးသမီးတွေဟာ အသက် ၃၀ ကျော်လာတာနဲ့ မျိုးအောင်နိုင်စွမ်း ကျဆင်းလာတတ်ပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော်တဲ့ အမျိုးသမီးတွေအနေနဲ့ ကလေးမရပါက ၆လမတိုင်ခင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

သန္ဓေအောင်စေရန် အမျိုးသမီးတို့ လိုက်နာသင့်သော အချက်များ .......

အဆင်သင့် ဆီကြော်စာတွေရှောင်ပြီး သံလွင်ဆီလို မပြည့်ဝဆီကို ရွေးသုံးပါ။
အနီရောင်အသားအစား ပဲပိစပ်၊ ပဲနို့စတာတွေကနေ အသားဓာတ်ရယူပါ။
အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပါ။
ရေခဲမုန့်၊ နွားနို့၊ ဒိန်ခဲစတဲ့ အဆီများ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အသင့်အတင့်စားပေးရင် အမျိုးသမီးတွေကို မျိုးအောင်ခြင်းဖြစ်အောင် အားပေးပါတယ်။

အမျိုးသမီးရဲ့ မမျိုးဥအိမ်မှ မမျိုးဥကြွေပြီး ၁၂-၁၄ နာရီအကြာမှာ ဖိုမကိစ္စဆောင်ရွက်ရင် သန္ဓေတည်နိုင်ခြေများပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ